September 2021

ချောင်းဆုံမှာ မီတာခ မသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ချောင်းဆုံ၊စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ မီတာခမပေးသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ ချောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ လာဆောင်ကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။ “မီတာခမသွင်းရင် မီတာဘောက်စ်ဖြုတ်သိမ်းမယ်လို့ ပြောလာတယ်၊ ကျွန်တော်တို့…

ပြည်ပဈေးကွက် ပျက်သွားလို့ တပိုင်တနိုင်ငါးလုပ်ငန်း လုပ်ကိုင်သူတွေ စီးပွားရေး ကြပ်တည်း

သထုံခရိုင်၊ စက်တင်ဘာ ၃၀ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တပိုင်တနိုင် အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေဟာ စီးပွားရေးကြပ်တည်းလာပြီး စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ သထုံခရိုင်အတွင်းက တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း စက်သုံးဆီဈေး မြင့်တက်လာနဲ့အတူ ဖမ်းမိတဲ့ငါးတွေကို ပြန်လည်ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဝမ်းဝရုံသာ လုပ်ကိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။ “ကိုဗစ်ဖြစ်ကတည်းက ငါးဈေးကမရ။ ခုက ဆီဈေးတွေတက်။ ငါးအထိမိကလည်း မကောင်းဆိုတော့…

Mytel တာဝါတိုင်တွေအနီး စစ်ကောင်စီက မြေမြုပ်မိုင်းထောင်းထားလို့ ဒေသခံတွေ စိုးရိမ်နေရ

တနင်္သာရီ၊ စက်တင်ဘာ ၃၀ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နဲ့မြိတ်ခရိုင်တွေထဲက Mytel တာဝါတိုင်တွေအနီးမှာ စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းထောင်ထားတာကြောင့် ဒေသခံတွေက စိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ စီးပွားရေးထောက်တိုင်တွေဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထားတိုက်ခိုက်ကြတဲ့နောက်မှာ အခုလို စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသက Mytel တာဝါတိုင်တွေဟာ လူနေအိမ်ပတ်ဝန်းကျင်အပြင် ကွင်းပြင်တွေအနားမှာပါ ရှိတာကြောင့် တိရစ္ဆာန်တွေရဲ့ စားကျက်မြေအတွက်ပါ…

စစ်ကောင်စီက ခွင့်ပြုရင် ဈေးတွေပြန်ဖွင့်ပေးမယ်လို့ စည်ပင်ပြော

မော်လမြိုင်၊ စက်တင်ဘာ ၂၉ မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် လအတော်ကြာ ပိတ်ထားရတဲ့ ဈေးတွေကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့်ပေးဖို့ သက်ဆိုင်ရာ ဈေးကော်မတီတွေက တောင်းဆိုနေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဈေးတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး ကျန်ကုန်ပစ္စည်းတွေကိုတော့ ရောင်းချခွင့် ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဈေးတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ခွင့်ပေးဖို့ တောင်းဆိုလာတာတဲ့အတွက်ကြောင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြထားတယ်လို့…

ဘားအံမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီး စစ်ဆေးပြီး ဒဏ်ငွေရိုက်နေ

မော်လမြိုင်၊စက်တင်ဘာ ၂၉ ဘားအံမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံတွေက လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံမြို့ပေါ်နဲ့ မြိုရဲ့ပတ်ဝန်းကျင်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၊ နယ်ခြားစောင့်တပ် ၊ ယာဉ်ထိန်းရဲစတဲ့ပါဝင်တဲ့ အဖွဲ့ပေါင်းစုံဟာ လိုင်စင်မဲ့ ကား မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာ၊ အဖွဲ့အစည်းစတေကာနဲ့ စတေကာအမဲ ကပ်ထားတာတွေရှိပါက ခွာခိုင်းတာ၊…

မြို့ပြစစ်ဆင်ရေး အရှိန်တိုးမြင့်တော့မှာဖြစ်လို့ ပြည်သူတွေ အသွားအလာသတိထားဖို့ PDF တိုက်တွန်း

မော်လမြိုင် ၊ စက်တင်ဘာ (၂၉) မော်လမြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ အာဏာသိမ်းစစ်အုပ်စုကို ပစ်မှတ်ထားတဲ့ မြို့ပြစစ်ဆင်ရေးတွေ အရှိန်တိုးမြင့်တော့မယ်လို့ PDF တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အုပ်စုက ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်အုပ်စုကျောထောက်နောက်ခံ ပြုနေသူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူလုထုတွေအနေနဲ့ စစ်အုပ်စုနှင့်ဆက်စပ်နေတဲ့ နေရာတွေကို တတ်နိုင်သမျှ…

ကိုဗစ်‌ရောဂါ ဖြစ်​ပြီးသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်နဲ့ ပိုးစစ်ဆေးတာ ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီ ကျန်းမာရေး ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၉ ကိုဗစ်အတည်ပြုလူနာ‌ေတွ ကျန်းမာရေးပြန်လည်ကောင်းမွန်လာရင် ရက်ပေါင်း( ၉၀)အတွင်း ခရီးသွားလာရာမှာ အသွားအလာကန့်သတ်တာနဲ့ ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကင်းလွတ်ခွင့်ပြုထားသူထဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အတွင်း ခရီးသွားလာသူများအပြင် နိုင်ငံတကာ ဝင်ထွက်ဂိတ်များနဲ့ နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာသူတွေလည်း ပါဝင်ပါတယ်။ ကင်းလွတ်ခွင့်ရရှိဖို့အတွက်…

KNU က တိုက်ခိုက်ရင် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်

မော်လမြိုင်၊ စက်တင်ဘာ ၂၉ သထုံမြို့နယ်အတွင်းမှာ KNU တပ်မဟာ(၁)ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုပြုလုပ်ပါက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က အကြပ်ကိုင် ခြိမ်းခြောက်ထားတယ်လို့ KNU က ဆိုပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့မှာ သထုံမြို့နယ် ပိန္နဲတောကျေးရွာအုပ်စုအတွင်းက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က ခေါ်ယူကာ ပြောဆို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ “ရပ်မိရပ်ဖတွေကို စစ်တပ်က ခေါ်ယူပြီးတော့…

မွန်ဝန်ကြီးချုပ်သာ ဖမ်းဆီးခံရသည့် မွန်ပြည်နယ်အစိုးရအဖွဲ့

ဒေါက်တာအေးဇံ ဦးဆောင်တဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီး ၁၂ ဦး ရှိပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဝန်ကြီး ၁၂ ဦးထဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ တစ်ဦးသာ ဖမ်းဆီးခံထားရပါတယ်။ ကျန်ဝန်ကြီးအများစု အဖမ်းမခံရဘဲ ဘာလို့ နေအိမ်မှာ ဆက်ရှိနေတာလဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်…

မွန်က ကားဂိတ်တွေမှာ CCTV နဲ့ မျက်နှာဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ စက်တင်ဘာ၂၈ မွန်ပြည်နယ်အတွင်းရှိ အဝေးပြေး ကာဂိတ်တွေမှာ CCTV တပ်ဆင်ဖို့နဲ့ မျက်နှာကို ဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းအားလုံးကို စက်တင်ဘာလ (၂၄)ရက်နေ့က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဝေပြေးကားဂိတ်တွေမှ တဆင့် လူမဲ့တန်ဆာတွေ ပစ္စည်းတွေ ပေးပို့ရာမှာ ခိုင်လုံတဲ့ အထောက်အထား အဖြစ်ဖို့အတွက်…