August 2021

မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀)ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ သြဂုတ် (၂၀) မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀)ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။ ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား(၂)ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို…

ချောင်းဆုံမှာ ဝင်ထွက်သွားလာခွင့် စတင် ကန့်သတ်

မော်လမြိုင်၊ ဩဂုတ် ၂၀ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဝင်ထွက် သွားလာခွင့်ကို ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စတင် ကန့်သတ်ထားတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ချောင်းဆုံမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ ချောင်းဆုံမြို့နယ်အတွင်း လာရောက်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ…

ကျိုက်ထို ကင်းပွန်ချောင်းကျေးရွာက ရာအိမ်မှူး ပစ်သတ်ခံရ

ကျိုက်ထို ၊ သြဂုတ် ၁၉ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ကျိုက်ထို ကင်းပွန်ချောင်းကျေးရွာက ရာအိမ်မှူး သြဂုတ်လ (၁၈)ရက် မွန်းလွဲပိုင်းမှာ သေနတ်နှင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ သေနတ်နှင့် ပစ်သတ်ခံရသူ ရာအိမ်မှူး ဦးဟန်ထွန်းဟာ နေအိမ်မှာရှိနေစဥ် သေနတ်သမား လေးဦးက ဆိုင်ကယ်နှင့် လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဦးဟန်ထွန်းဟာ…

မွန်က အကျဥ်းထောင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ အကျဥ်းသား (၁၀၀)ကျော် ရှိနေတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ သြဂုတ် (၁၉) မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀)ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။ ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား(၂)ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို…

စစ်ကောင်စီရဲ့ မအောင်မနေရ အောင်စာရင်းကို အသိအမှတ် မပြုဘူးလို့ မော်လမြိုင် တက္ကသိုလ်ကောင်စီ ကြေညာ

မော်လမြိုင် ၊ သြဂုတ် (၂၀) သြဂုတ်လ (၁၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို အသိအမှတ် မပြုဘူးလို့ မနေ့ညပိုင်းမှာ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဆိုပါ အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊…

စစ်ကောင်စီက မအောင်မနေရ တက္ကသိုလ် အောင်စာရင်း ထုတ်ပြန်

မော်လမြိုင်၊ သြဂုတ် ၁၉ မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို သြဂုတ် ၁၈ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ဒီတက္ကသိုလ် အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်တဲ့ အောင်စာရင်းလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တက္ကသိုလ်ပြန်တက်တဲ့…

တရားရုံးတွေမှာ အမှု မစစ်နေ၊ မတရား ဖမ်းဆီးခံရသူတွေ အများကြီး နစ်နာတယ်လို့ ရှေ့နေတွေ ပြော

မော်လမြိုင် ၊ ဩဂုတ် ၁၉ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက ရုံးပိတ်ရက်ရှည် ကြေညာထားတဲ့အတွက်ကြောင့် တရားရုံးတွေမှာ အမှု စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အခုအခါ ရုံးပိတ်ရက်ရှည် ကြေညာထားလို့ တရားရုံးတွေမှာ အမှုမစစ်ဘဲ ရုံးချိန်းပေးပြီး အမှုစစ်ဆေးမယ့် နေ့ရက်တွေ ရွှေ့ဆိုင်းနေတာ ဖြစ်ပါတယ်။ အမှုစစ်ဆေးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅(က) နဲ့…

ဗဟိုဘဏ်က ATM စက် ငွေဖြည့်ဖို့ ညွှန်ကြားထားပေမယ့် ဘဏ်တွေ ငွေမဖြည့်နေ

မော်လမြိုင်၊ ဩဂုတ် ၁၉ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘဏ်တွေ ပိတ်ထားဖို့ ညွှန်ကြားထားပြီး ပိတ်ရက်အတွင်း ဘဏ်တွေအနေနဲ့ ATM စက်တွေကို ငွေဖြည့်ပေးထားကြဖို့ ဩဂုတ် ၁၃ ရက်က ညွှန်ကြားထားပါတယ်။ ဗဟိုဘဏ်က ATM စက်တွေမှာ ငွေဖြည့်ပေးဖို့ ညွှန်ကြားထားပေမယ့် မွန်ပြည်နယ်အတွင်းက…

မော်လမြိုင်က CCTV တပ်ဆင်မှု စီမံကိန်း လာမယ့် စက်တင်ဘာမှာ ပြီးစီးမည်

မော်လမြိုင်၊ ဩဂုတ် ၁၉ မော်လမြိုင်မြို့အတွင်းရှိ အများပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်မယ့် CCTV တပ်ဆင်မှု စီမံကိန်းဟာ လာမယ့် စက်တင်ဘာလအတွင်း လုပ်ငန်း ပထမပိုင်း ပြီးစီးတော့မယ်လို့ သိရပါတယ်။ CCTV တပ်ဆင်မှု စီမံကိန်းရဲ့ လုပ်ငန်းစဉ်မှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး၊ အဲဒီအပိုင်း ၃ ပိုင်းမှာ CCTV ထိန်းချုပ်ရေး စင်တာ…

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီး အကြမ်းဖက်ခံရမှုတွေ ဆက်တိုက်မြင့်တက်လာ

မော်လမြိုင် ၊ ဩဂုတ် (၁၉) စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေဟာ ဆက်တိုက်မြင့်တက်လာတယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ လက်ရှိနိုင်ငံရေး အကြပ်အတည်းနှင့်အတူ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပိုမိုခံစားလာရပြီး ဥပ‌ဒေရဲ့ အကာအကွယ် ပေးမှုကိုလည်း လျစ်လျှုရှုခံနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ ဥပ‌ဒေအရ ရင်ဆိုင်ဖို့ သွားရောက်တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ…