December 2020

lock down မဟုတ်သည့် ကိုဗစ်ထိန်းချုပ်ရေး ဇုန်များကို ထိုင်းအစိုးရ သတ်မှတ်သွားမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်မှု (Lock Down) ချမှတ်သွားမှာမဟုတ်ပဲ အသစ်ဖြစ်ပေါ်လာသော COVID-19 ကူးစက်မှုဒီဂရီနှင့် အရေအတွက်တွေပေါ်မူတည်ပြီး ရောဂါထိန်းချုပ်ရေး ဇုန်နယ်မြေများ သတ်မှတ်ကာ နှစ်သစ်ကူးအခမ်း အနားများကိုလည်း တင်းကျပ်သော ကန့်သတ်များအရ ကျင်းပခွင့်ပြုသွားမှာဖြစ်တယ်လို့ COVID-19 အခြေအနေ စီမံအုပ်ချုပ်ရေးစင်တာ (CCSA) မှ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ (CCSA) ရဲ့…

USDP ပါတီက ရွေးကောက်ပွဲ ကန့်ကွက်လွှာ (၂၃)စောင် တင်ထား

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်မှာ USDP ပါတီက ကန့်ကွက်လွှာ (၂၃)စောင်တင်ထားတယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲနည်းဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်မှာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပြီးတဲ့ရက်မှ၍ (၄၅)ရက်အတွင်း ကန့်ကွက်လွှာတွေကို တင်သွင်းနိုင်ပါတယ်။ ကန့်ကွက်လွှာတွေထဲမှာတော့ usdp ပါတီကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို…

လူစုလူဝေးဖြစ်မယ့် ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ကျန်းမာရေးဌာန တိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) လူစုလူဝေးဖြစ်မယ့် ပွဲလမ်းသဘင်တွေကို အစိုးရအနေနဲ့ ခွင့်ပြုချက်မပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပွင့်လင်းရာသီ ရောက်လာတာနဲ့အတူ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ ၊ နှစ်သစ်ကူး ပွဲတော်တွေနဲ့ အခြားပွဲလမ်းသဘင်တွေမှာ လူစုလူဝေးဖြစ်မှာကို ကျန်းမာရေးဌာနက စိုးရိမ်နေတာပါ။ လက်ရှိ မွန်ပြည်နယ်ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုဟာ မလျော့ကျသေးဘဲ လူထုအကြား ပျံ့နှံ့နေတာကြောင့် လူစုလူဝေး မလုပ်တာဟာ…

ဖျက်သိမ်းထားတဲ့ အပန်းဖြေစခန်းကို ပြန်လည်စည်ကားအောင် မြောက်ကိုးရီးယား ကြိုးစားနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယားမှ ဆောက်လုပ်တဲ့ အဆောက်အဦးများကို ဖြိုဖျက်ရန် အမိန့်ထုတ်ပြန်ပြီး တစ်နှစ်အကြာမှာ အထင်ကရ ခရီးသွားနေရာတစ်ခုဖြစ်တဲ့ Kumgang တောင်ကို နိုင်ငံတကာ ဧည့်သည်များအပန်းဖြေရာနေရာအဖြစ် ပြန်လည်ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ ပြုံယမ်းအစိုးရက စီစဥ်နေတာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားပါတယ်။ နှစ်ဖက် ကိုရီးယားလူမျိုးတို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ…

အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ် (၂၃၀)ကျော်ကို အသွားအလာ ကန့်သတ်ထား

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ်(၂၃၀)ကျော်ကို အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ဒေသတွင်း ကူးစက်မှု ဆက်တိုက်မြင့်တက်ခဲ့ပြီးနောက် အတည်ပြု လူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ဖို့ မွန်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ပြီး နှစ်ပတ်ကျော်…

အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ချပြပေးဖို့ မွန်လွှတ်တော် တိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ တတိယအပတ်မှာ အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို မွန်ပြည်နယ်လွှတ်တော်က ကွင်းဆင်း စိစစ်ခဲ့ပြီး အကြံပြုချက်တွေပါတဲ့ အစီရင်ခံစာကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှာ အစိုးရထံ ပေးပို့ခဲ့ပါတယ်။ လွှတ်တော်က တွေ့ရှိချက်တွေအရ…

ကျိုက်ထီးရိုးဘုရားဖူးမျှော်ခွင့်ကို လုံးဝ ပိတ်လိုက်ပါပြီ

မော်လမြိုင် ၊ ဒီဇင်ဘာ(၂၃) ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားဖူးမျှော်ခွင့်ကို ဒီဇင်ဘာလ (၂၂)ရက်နေ့ကစပြီး လုံးဝပိတ်လိုက်ပြီးလို့ ဂေါပက အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကစပြီးတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ တက်ရောက်ဖူးမျှော်ခွင့် ခေတ္တပိတ်ထားခဲ့သော်လည်း သတ်မှတ်လူဦးရေအနည်းငယ်နဲ့ ခြေလျင်တက်ကြသူများကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အခုလိုပွင့်လင်းရာသီဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ်စမတ်နေ့တွေနဲ့ Happy New Year ရက်တွေမှာ ခြေလျင်တောင်တက်ဖို့ ခွင့်ပြုချက်…

ဥပဒေများအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) မွန်ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်နီးပါးမှာ ဥပဒေအချို့ကို အသစ်ရေးဆွဲထားသလို ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။ အဲ့ဒီထဲမှာ စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ်လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပေမယ့် မွန်ပြည်နယ်အစိုးရကတော့…

မလေးရှားနိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးပေးတာကို ဖေဖော်ဝါရီလတွင် စတင်မည်

မော်လမြိုင် ဒီဇင်ဘာ (၂၃) မလေးရှားနိုင်ငံသည် Pfizer COVID-19 ကာကွယ်ဆေးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် ထိုးနှံနိုင်ရေးအတွက် စီမံဆောင်ရွက်မှုများကို စတင်နေတာဖြစ်ပြီး ရှေ့တန်းကျန်းမာရေးလုပ်သားများ မတိုင်ခင်မှာ ဝန်ကြီးချုပ် Muhyiddin Yassin သည် အဆိုပါ ကာကွယ်ဆေးကို ပထမဦးဆုံးအဖြစ် ထိုးနှံခြင်းခံရသူဖြစ်လာပါမည်။ အစိုးရအနေဖြင့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်လွန်သော ပမာဏကို လွှမ်းခြုံနိုင်မည့် လုံလောက်သော ကာကွယ်ဆေးများကို…

မည်သူမဆို ကျန်းမာရေးစစ်ဆေးပြီးတာနဲ့ မွန်ပြည်နယ်အတွင်းကို ဝင်ခွင့်ပေးပြီ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) အခြားတိုင်းနဲ့ပြည်နယ်က လာသူအားလုံး မည်သူမဆို ကျန်းမာရေးစစ်ဆေးပြီးတာနဲ့ မွန်ပြည်နယ်အတွင်းကို ဝင်ခွင့်ပေးနေပြီးလို့ သိပ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီးနောက် မွန်ပြည်နယ် အဝင်ဝ စစ်တောင်းတံတားမှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ထားပါတယ်။ အရင်ကတော့ အစိုးရဝန်ထမ်းတွေနဲ့ မဖြစ်မနေ သွားရမယ့် အရေးပေါ်လူနာတွေကိုသာ ဖြတ်သန်းခွင့် ပေးခဲ့တာပါ။ အခုအခါမှာတော့…