သုံးပွင့်ဆိုင်အားပြိုင်လာနိုင်သည့် မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်းလား
မော်လမြိုင် ၊ နိုဝင်ဘာ (၁၆) ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရပေါ်ထွက်လာသော မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်းကား သုံးပွင့်ဆိုင်အားပြိုင်မည့်ပုံကို အခြေခံထားသော ပုံစံတစ်ခုပေါ်ထွက်လာခဲ့သည်။ ခုံနေရာ (၃၁)ခုံတွင် နေရာအများစုရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၇)ခုံ၊ ပေါင်းစည်းပြီး အင်ပြည့်အားပြည့်ဝင်ပြိုင်ကာ ခုံပိုမိုရလာခဲ့သော မွန်ညီညွတ်ရေးပါတီက (၆)ခုံနှင့် ဖွဲ့စည်းပုံအရ အလိုအလျောက်ပါဝင်ခွင့်ရထားသည့် တပ်မတော်သားကိုယ်စားလှယ် (၈)ခုတို့က လာမည့် ငါးနှစ်တာ မွန်ပြည်နယ်၏ ဉပဒေပြုရေးနှင့် အစိုးရအဖွဲ့ထိန်းကျောင်းရေးကို ဘယ်လိုပုံစံမျိုးနှင့်…