August 10, 2020

မွန်ပြည်နယ်မဲစာရင်းမှာ လူဦးရေ (၆)သောင်းနီးပါး ဖယ်ရှားရန်လိုအပ်ဟု လဝက ဝန်ကြီး ဆို

မော်လမြိုင် ၊ ဩဂုတ် (၁၀) မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်းမှာ လူဦးရေ (၆)သောင်းနီးပါးကို ဖယ်ရှားရန် လိုအပ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော် ရှိပါတယ်။ အာ့ဒီအထဲက မှတ်ပုံတင်ကွက်လပ်ဖြစ်နေသူ (၃) သိန်းကျော်ကို လဝကမှ…

သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားလို့ ကုလားကုတ်ကျွန်းက ရေလုပ်ငန်းရှင်တွေ အခက်တွေ့

ရေး ၊ ဩဂုတ် (၁၀) ရေးမြို့နယ် ကုလားကုတ်ကျွန်း လေပြင်းတိုက်ခတ်မှုမှာ သိန်းထောင်ချီတန်တဲ့ ငါးလှန်းစင်တွေ ပျက်စီးသွားတာကြောင့် လုပ်ငန်းပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဩဂုတ်လ ၂ ရက်နေ့ကနေ၄ ရက်နေ့အထိ ကုလားကုတ်ကျွန်းမှာ လေပြင်းတိုက်ခတ်ခဲ့တဲ့အပြင် ပင်လယ်ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့တာကြောင့် ကျွန်းပေါ်က ငါးလှန်းစင် ၂၂ ခုနဲ့ နေအိမ်(၂၄) လုံး ပျက်စီးခဲ့တာပါ။…