July 2020

သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တောင်းဆို

မော်လမြိုင် ၊ ဇူလိုင် ၂၃ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ရေလွှမ်းမိုးမှု အပါအဝင် သဘာဝဘေးအန္တာရယ်တွေ ဖြစ်လာရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်အောင် အစိုးရအနေနဲ့ ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်ဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံတာတွေနဲ့ လေဘေးအန္တာရယ်တွေကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ အခုလို ကူးစက်ရောဂါဖြစ်နေချိန်မှာ သဘာဝဘေးအန္တာရယ်တွေဖြစ်လာရင် ကြိုတင်မပြင်ဆင်ထားတဲ့အတွက် စီမံခန့်ခွဲမှု ပြသနာတွေ…

မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် နောက်ဆုံးပတ်မှ ထုတ်ပြန်နိုင်မည်

မော်လမြိုင် ၊ ဇူလိုင် ၂၂ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ဝင်ယှဉ်ပြိုင်မယ့် မွန်ညီညွှတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ နောက်ဆုံးပတ်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအဆင့်ကနေ ဇူလိုင်လ (၂၀) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့ ကနဦး စီစဉ်ထားပေမယ့် အချိန်လုံလောက်မှု မရှိတာကြောင့် ဇူလိုင်လ (၂၄) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့…

မွန်ပြည်နယ်ရဲ့ ရာသီဥတုအခြေအနေ ပြောင်းလဲမှုတွေအပေါ် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“မွန်ပြည်နယ်အနေနဲ့ကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ အပူချိန်၊ မိုးရေချိန်၊ လေတိုက်ခတ်မှုဖြစ်စဉ်တွေက ယခင်လိုမဟုတ်တော့ပဲနဲ့ များစွာပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်၊ မြင့်မားလာတဲ့အပူချိန်၊ ပုံမှန်မဟုတ်တော့တဲ့ မိုးရွာသွန်းမှု၊ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ လေတိုက်ခတ်ခြင်းနဲ့ မိုးနှောင်းကာလ မိုးကြိုးပစ်ခြင်းဖြစ်စဉ်တွေကို ကြုံတွေ့ရမှာဖြစ်လို့…….” မေး – ပြီးခဲ့တဲ့နှစ်မိုးရာသီက မွန်ပြည်နယ်မှာ အထူးသဖြင့် အဆိုးရွားဆုံးအနေနဲ့ ရေးနဲ့ကျိုက်မရောဘက်မှာ ရေနစ်မြှုပ်မှုတွေအတော်များများဖြစ်ပွားခဲ့ပါတယ်၊ နောက်တစ်ခုက တောင်ပြိုမှုပေါ့၊ ဘယ်လိုအခြေအနေမျိုးမှာ ခုလို ဆိုးရွားစွာရေကြီးမှုနဲ့ တောင်တွေပြိုမှုတွေ ဖြစ်စေနိုင်ပါသလဲ။…

ကိုဗစ်ကြောင့် ၄လနီးပါး ပိတ်ထားတဲ့ ကမ်းခြေတွေကို ပြန်လည်ဖွင့်ပေးဖို့ ဒေသခံတွေ တောင်းဆို

ရေး ၊ ဇူလိုင် ၂၀ ကိုဗစ်-၁၉ ကြောင့် ၄ လနီးပါး ပိတ်ထားတဲ့ မွန်ပြည်နယ်အတွင်းက ကမ်းခြေတွေကို ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက​ တောင်းဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် လူစုလူဝေး မဖြစ်စေရေးအတွက် နာမည်ကျော် ကဗျာဝကမ်းခြေ နဲ့ စက်စဲကမ်းခြေ အပါအဝင် အခြား အပန်းဖြေစခန်းတွေကို မတ်လ (၂၈) ရက်နေ့ ကတည်းက မွန်ပြည်နယ်အစိုးရက…

အစိုးရစီမံကိန်းတွေကို မြို့နယ်အဆင့်ကနေ တင်ဒါခေါ်ယူနိုင်တဲ့ စနစ် အကောင်အထည်ဖော်ပေးရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရေး ၊ ဇူလိုင် (၁၉) အစိုးရအဖွဲ့ရဲ့စီမံကိန်းလုပ်ငန်းတွေကို ပြည်နယ်အဆင့်ကနေ တင်ဒါခေါ်ယူမယ့်အစား မြို့နယ်အဆင့်ကနေ တင်ဒါခေါ်ယူနိုင်တဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့ ရေးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ မြို့နယ်တွေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြည်နယ်အဆင့်ကနေ တင်ဒါခေါ်ယူပြီး ဆောင်ရွက်တဲ့အခါ မြေပြင်မှာ လုပ်ငန်းမပြီးစီးတာတွေနဲ့ အရည်အသွေးမပြည့်မီတာတွေကို ပြည်နယ်တာဝန်ရှိသူတွေက ထိရောက်စွာ မစစ်ဆေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မြို့နယ်အလိုက်…