မော်လမြိုင် ၊ ဇူလိုင် ၂၆
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီကနေ ကိုယ်စားလှယ်လောင်း (၆၂)ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီကနေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကနေဆုံးဖြတ်လိုက်ပါတယ်။
မွန် ၊ ကရင် ၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းဒေကြီးတို့မှာ လွှတ်တော်အသီးသီးအတွက် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား လူမျိုးရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်း ကိုယ်စားပြု ယှဉ်ပြိုင်သွားမယ်လို့လည်း ဆိုပါတယ်။
“ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးပြီ။ အဲ့ဒီအထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း (၃၀)ရာခိုင်နှုန်းကျော်ပါဝင်တယ်”ဟု ပါတီပြောခွင့်ရ နိုင်လယိတမကပြောပါတယ်။
မွန်ပြည်နယ်မှာတော့ မြို့နယ်(၈)မြို့နယ်မှာကိုယ်စားလှယ်လောင်း (၃၅)ဦး၊ ကရင်ပြည်နယ် မြို့နယ်(၃)မြို့နယ်မှာကိုယ်စားလှယ်လောင်း (၁၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမြို့နယ်(၃)မြို့နယ်မှာ ကိုယ်စားလှယ်လောင်း (၈)ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်(၆)မြို့နယ်မှာ ကိုယ်စားလှယ်လောင်း (၇)ဦးတို့က ပါဝင်ယှဥ်ပြိုင်သွားမှာပါ။
ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အမျိုးသမီးကိုယ်စားလှယ်လောင်း (၁၆) ဦး ပါဝင်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်