အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေ တောင်းဆို
မော်လမြိုင် ၊ ဇူလိုင် ၂၄ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ပြည်နယ်အတွင်းက နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားတဲ့ မတ်လကနေ အခုချိန်ထိ မွန်ပြည်နယ်ကို နေရပ်ပြန် (၂၇၀၀၀) ကျော် ပြည်လည် ဝင်ရောက်ခဲ့ပါတယ်။ ပြန်လာသူတွေ အများစုက ထိုင်းနိုင်ငံကဖြစ်ပြီး စက်ရုံအလုပ်ရုံပိတ်တာတွေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်တာတွေကြောင့် ပြန်လာခဲ့တာလို့…