သမ္မတရုံး၏ညွှန်ကြားချက်ကိုကျော်လွန်၍ ဒေါ်အောင်ဆန်းစုကြည်၏နှုတ်မိန့်ဖြင့် ဆောင်ရွက်သည်ဟုဆိုသော သန်း(၁၀၀၀)တန် ကျေးရွာချင်းဆက်လမ်း
မော်လမြိုင်၊ မေ ၄ ဘတ်ဂျက် ကျပ်သန်း(၁၀၀၀)ခန့်သုံးစွဲထားသည့် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ပဲ ကုမ္ပဏီအားလုပ်ပိုင်ခွင့်ပေးအပ်ရခြင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်မိန့်ဖြင့်ခွင့်ပြုတာကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေလ (၃)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ Mini ဘတ်ဂျက်တွင် အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း…