မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းထုတ်ပြန်မှုက ဘယ်လောက်အလုပ်ဖြစ်သလဲ
နှစ်ပေါင်း ၄၇ နှစ်အတွင်း စံချိန်တွင် မိုးရေချိန် ၁၃.၇၀ လက်မရွာသွန်းခဲ့မှုကြောင့် မော်လမြိုင်မြို့နယ်အပါအဝင် မွန်ပြည်နယ်ရှိနေရာအတော်များများတွင် ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှုများ ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။ ဇွန်လ(၁၇)ရက်နေ့ မနက်(၂း၃၀)ဝန်းကျင်မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မနက်(၄)နာရီဝန်းကျင်တွင် မော်လမြိုင်မြို့ရှိ ရေကြီးနစ်မြုပ်နေကျနေရာအပြင် ရေကြီးနစ်မြုပ်မှုနည်းပါးသည့် နေရာတွင်ပါ ရေများ နစ်မြုပ်ခဲ့သည်။ ထိုအဖြစ်အပျက်ဖြစ်လာမည်ကို မည်သူကြိုတင် သိရှိခဲ့သနည်း။ ယင်းနေ့…