February 2018

မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်

ရေး ၊ ဖေဖေါ်ဝါရီ ၂၅ ရေးမြို့နယ်၊ ခေါဇာမြို့၊ မာန်အောင်ကျေးရွာအနီးတွ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီနှင့် ကေအင်န်အယ်လ်အေတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ တစ်ခဏတာဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရမှုမကြားသိရသေးသော်လည်း ကေအင်န်ယူဘက်က သေနတ် ၂ လက်ဆုံးရှုံးခဲ့ကြောင်း မာန်အောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။ ” မနေ့နေ့လယ်ပိုင်းကတိုက်ပွဲဖြစ်တယ်လို့ကြားသိရတယ်၊ ကရင်ဘက်က သေနတ်…

ရေးမြို့နယ်သို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံဆောက်လုပ်ခြင်းအတွက် ကျပ်သန်းပေါင်း ၁၂၀၀ ကျော်လျာထား

ရေး ၊ ဖေဖေါ်ဝါရီ ၂၄ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့နယ်သို့ ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံဆောက်လုပ်ခြင်းအတွက် ရံပုံငွေကျပ်သန်းပေါင်း ၁၂၇၄ သန်းထည့်သွင်းလျာထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ဒုတိယအကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက လျှပ်စစ်မီးကို ဈေးနှုန်းကြီးမြင့်စွာဝယ်ယူသုံးစွဲနေရသော ရေးမြို့နယ်အတွင်းရှိ ပြည်သူများကို မဟာဓာတ်အားလိုင်းမရောက်ရှိသေးမီစပ်ကြား…

လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲ မော်လမြိုင်တွင်ပြုလုပ်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လူငယ်ကိုယ်စားလှယ်များပူးပေါင်းရေးဆွဲထားသော မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ပွဲအခမ်းအနားကို မော်လမြိုင်မြို့ရှိ၊ ဓါတုမာလာ ကျောင်းတိုက်တွင် ယနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အစီအစဉ်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့များ၊ မွန်ပြည်နယ်တဝှမ်းမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။ အစီအစဉ်ဒုတိယပိုင်းအနေဖြင့် ဖေဖော်ဝါရီလ ၁၉၊ ၂၀ ရက်နေ့တွင် လူငယ်ရေးရာမူဝါဒအကောင်အထည်ဖော်ရေးကော်မတီ(မွန်ပြည်နယ်)အတွက် ကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များဖော်ထုတ်ခြင်းတို့ကို…

ရေးမြို့တွင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကြက်တောင်ရိုက်ပြိုင်ပွဲပြန်လည်ကျင်းပ

ရေး ၊ ဖေဖေါ်ဝါရီ ၁၉ ရေးမြို့နယ်တွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားရပ်ကွက်ပေါင်းစုံကြက်တောင်ရိုက်ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ မိုးလုံလေလုံပြည်သူ့အားကစားရုံတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ၇၁ နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲတွင် ရပ်ကွက် ၇ ရပ်ကွက်မှ အသင်းပေါင်း ၁၇ သင်းမှ သက်ကြီးလူဟောင်းတန်းနှစ်ယောက်တွဲနှင့်…

မန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားအဆင့် ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ လူထု လှုံ့ဆော် လှုပ်ရှားမှုလုပ်ငန်း စတင်မှုအကြောင်း သတင်းထုတ်ပြန်ချက်

“ကျွန်မသေတော့မလိုအထိ ခံစားခဲ့ရပါတယ်!” ဟုအစချီထားသော ဆေးယဉ်ပါးတီဘီလူနာတစ်ယောက် ကိုယ်တိုင်ပြောကြားထားသည့် သက်သေခံချက်သည် ဆေးယဉ်ပါးတီဘီရောဂါရဲ့ အန္တရာယ်၊ ရောဂါရှာဖွေ စစ်ဆေးမှု ခံယူရန်နေရာ၊ ရရှိနိုင်သောဆေးကုသမှုများနှင့် တီဘီရောဂါကူးစက်မခံရအောင် မည်သို့ရှောင်ရှားရမည်ကို ထိရောက်စွာ သတိပေးနေပါသည်။ (ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန်၊ မြန်မာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း အနေဖြင့် ဆေးယဉ်ပါးတီဘီရောဂါ အန္တရာယ်များကို…

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှနှင့် တွေ့ဆုံခြင်း

“ ကျွန်တော်တို့မွန်ပြည်သစ်ပါတီက အားလုံးပါဝင်မှ ထိုးမယ်လို့ အရင်ကခံယူခဲ့ပေမယ့်လည်း တခြားအဖွဲ့တွေက NCA လမ်းကြောင်းကို မလိုက်တော့ဘူး။ တခြားလမ်းကြောင်းသစ်နဲ့ပဲ ငြိမ်းချမ်းရေးစကားဝိုင်းကိုဝင်မယ်ဆိုတဲ့အနေအထားရောက်တော့ ကျွန်တော်တို့ရဲ့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကို ဝင်မယ်ဆိုတဲ့အနေအထားက အတူတကွသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။မဖြစ်နိုင်တဲ့အနေအထားကို ရောက်လာတော့ ကျွန်တော်တို့လည်း အားလုံးပါဝင်ရေး မူကို လက်လွှတ်လိုက်ရတယ်။အဲ့ဒီသဘောပါ “ မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့်အတူ…

NCA လက်မှတ်ရေးထိုးပွဲတွင် PC နှင့် DPN တို့ဆွေးနွေးခဲ့သည့်သဘောတူညီချက် ၈ ချက်ပါ တစ်ပါတည်းလက်မှတ်ရေးထိုးသွားမည်

ရေး ၊ ဖေဖေါ်ဝါရီ ၇ မွန်ပြည်သစ်ပါတီအနေဖြင့် လာမည့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်ယူနီယံတို့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အဆိုပါလက်မှတ်ရေးထိုးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် UNFC ၏နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ဆွေးနွေးညှိနှိုုင်းခဲ့ကြသည့် သဘောတူညီချက် ၈ ချက်ကို တစ်ပါတည်းလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။…

ဆန္ဒပြကျောင်းသားများကို ကျောင်းထုတ်ခြင်းအား ရှုံ့ချကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှကြေငြာချက်ထုတ်ပြန်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသောကျောင်းသူကျောင်းသားများအား ကျာင်းမှထုတ်ပယ်ခြင်းကိုရှုံ့ချကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဖေဖော်ဝါရီလ(၁)ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ကျောင်းသင်တန်းမှထုတ်ပယ်လိုက်ခြင်းသည် ကျောင်းသူ/ကျောင်းသားများ၏ လွတ်လပ်စွာပြောဆိုခွင့်ကိုထိခိုက်စေပြီး စစ်မှန်သောဒီမိုကရေစီအလေ့အထများကို ထိခိုက်စေကြောင်း၊ တရားမျှတမှုမရှိဘဲ ကျောင်းသူ/ကျောင်းသားများ၏အခွင့်အရေးကို ချိုးဖောက်ခံနေရသော ကျောင်းစည်းကမ်းများကို အမြန်ဆုံး သုံးသပ်ပြင်ဆင်ပေးရန်၊ ကျောင်းထုတ်ခံခဲ့ရသော ကျောင်းသူကျောင်းသားများအား အမြန်ဆုံးပြန်လည်ကျောင်းတက်ခွင့်ပြုရန် အဆိုပါကြေညာချက်တွင် တောင်းဆိုထားသည်။ “သူတို့တွေ ဆန္ဒပြပြီးတောင်းဆိုတဲ့အချက်နဲ့လုပ်ထုံးလုပ်နည်းက မှားကောင်းမှားလိမ့်မယ် ဒါပေမယ့်…

မော်လမြိုင်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မှတ်ပုံတင်နှစ်ခုကိုင်ဆောင်မှုဖြင့် အမှုဖွင့်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်ခဲ့ခြင်း ကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ နှစ်ခုဖြင့် မော်လမြိုင်မြို့နယ်(လဝက)ဦးစီးမှူး ဦးအေးမင်းက အမှုဖွင့်ထားကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို (ပ) ၈၁ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ – ၄၆၈ / ၄၂၀…

မွန်ပြည်နယ်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်အောင်သန်းလွင်နှင့်တွေ့ဆုံခြင်း

“လက်နက်ကိုင်တဲ့နှစ်ဖက်တပ်က ကျွန်တော်တို့ထက်တောင် ပိုပြီးတော့ ငြိမ်းချမ်းရေးကို လိုလားကြ မှာပါ” မေး – မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ်ရေးထိုးဖို့ သေချာသလောက်နီးပါးဖြစ်နေတယ်လို့ သိရပါတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဆရာအနေနဲ့ ပါဝင်ခဲ့မှုအတိုင်းအတာလေးတွေ သိပါရစေ။ ဖြေ – လက်မှတ်ထိုးဖို့ကိစ္စက သေချာသလောက်ရှိပါတယ်၊ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌတို့လည်း တွေ့ဆုံဆွေးနွေးပြီးပြီဆိုတော့ ဖေဖေါ်ဝါရီလထဲမှာဖြစ်မယ်လို့လဲ အားလုံးက ယုံကြည်ကြပါတယ်၊ ကူညီခဲ့တဲ့တလျှောက်လုံးမှာဆိုရင် ငြိမ်းချမ်းရေးကို…