ဆောင်းအကုန်နွေအကူးတွင် မွန်ဒေသများ၌ ထန်းသီးနုလှိုင်လှိုင်ထွက်ကြပြီး ဖြစ်သည်။ ထိုထန်းသီးနု လှိုင်လှိုင်ထွက်ချိန်တွင် မွန်လူမျိုးတို့၏ ကလေးကင်ပွန်းတပ်သော အချိန်တွင်လည်း ကောင်း၊ အိမ်သစ်ဆောက်ချိန် တိုင်ထူသောနေ့တွင်လည်းကောင်း၊ နေ့လည်နေ့ခင်း အဆာပြေ အတွက်လည်းကောင်း၊ ထန်းသီးနုနှင့်လုပ်သောမုန့်လက်ဆောင်းလုပ်ကိုင်ကြသည်။ ထန်းသီးမုန့် လက်ဆောင်းလုပ်ပုံမှာ မုန့်လက်ဆောင်းအဖတ်အစား ထန်းသီးနုကို ပါးပါးလှီးထည့်ခြင်းဖြစ်သည်။ အုန်းနို့ရည်ကို သကြားနှင့် ဖျော်ပါ။ အချိုလေးစေရန် ဆားအနည်းငယ်ခန့်ထည့်ပါ။ ပါးပါးလှီးထားသော ထန်းသီးနု မိမိတို့ လိုသလောက်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
ပါဝင်သောပစ္စည်းများ။
၁။ ထန်းသီးနု။
၂။ သကြား။
၃။ အုန်းနို့။
၄။ ဆားအနည်းငယ်တို့ ဖြစ်သည်။