2016

ရေးမြို့နယ်တွင် တပ်မတော်၊ ရဲနှင့်သစ်တောဌာနတို့ပူးပေါင်းဖမ်းဆီးရာ စိတ်ကြွဆေးပြားများနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ရေး ၊ မေ ၃၀ သတင်း- ရဲနိုင်ဦး ရေးမြို့နယ်၊ ခေါဇာမြို့တွင် ယခုလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များက ရေးမြို့နယ်အခြေစိုက် စကခ(၁၉)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနပူးပေါင်းအဖွဲ့ဖော်ထုတ်မှုကြောင့်စိတ်ကြွဆေးပြားများနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရန် လွှတ်တော်ကိုယ်စားလှယ်များ ဟောပြော

ကျိုက်ထို၊ မေ ၂၈ သတင်း – မင်းဥဒါန်း ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဈေးကြီးရှေ့တွင် မေလ(၂၈)ရက်နေ့က ကျင်းပပြုလုပ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြရန် အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မုဒုံ တံခွန်တိုင်ကျေးရွာလမ်းဝတွင် ယာဉ်တိုက်မှုဖြစ်ပွား

မုဒုံ၊ မေ ၂၇ သတင်း – မင်းဥဒါန်း မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာလမ်းဝတွင် ကားနှင့် ဆိုင်ကယ်တို့တိုက်မိပြီး လမ်းဘေးဈေးဆိုင်အား ဆက်လက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ယခုနှစ် မိုးရာသီကာလ ဇင်းကျိုက်ရေတံခွန်တွင် အန္တရာယ်ကင်းစေရန်အစီအမံများပြုလုပ်ထားဟုဆို

ပေါင်၊ မေ ၃၀ သတင်း – ဝရဇိန် (ပေါင်) မွန်ပြည်နယ်၏ အထင်ကရတစ်ခုဖြစ်သော ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် ယခုနှစ် မိုးရာသီ အတွင်း လာရောက်ရေကစားကြမည့်သူများအတွက် အန္တရာယ်ကင်းစေရန် အစီအမံများပြုလုပ်ထားကြောင်း ရေတံခွန်ကော်မတီထံမှ သိရသည်။

ပေါင်မြို့နယ်ရှိ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ဌာနဆိုင်ရာများ လာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိသဖြင့် ခေါ်ယူသတိပေးသွားရန် စီစဉ်နေ

ပေါင်၊ မေ ၃၀ ပြည်သူများ၏လိုအပ်ချက်များအားOne Stop Shop စနစ်ဖြင့်တစ်နေရာတည်း၌ပြီးစီးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသောပြည်သူ့ဝန်ဆောင်မှု (OSSရုံး)များတွင် ဌာနဆိုင်ရာများလာရောက် တာဝန် ထမ်းဆောင်မှုမရှိတော့သဖြင့် စည်းကမ်းစနစ်တကျဖြစ်အောင် ဌာနဆိုင်ရာများကိုခေါ်ယူသတိပေး သွားမည် ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်နိုင်က ပြောသည်။