သံဖြူဇရပ်၊ နိုဝင်ဘာ ၁၅

ပြည်သူလူထု၏ ရင်တွင်းခံစားချက်များကို သိရှိနိုင်ရန်အတွက် သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာ ကိုးသန်းကိုးသိန်းကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဒေသခံပြည်သူ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး စည်ပင်၊ ကျေးလက်၊ မှတ်ပုံတင်၊ လျှပ်စစ်ဌာနတို့မှ ဦးစီးမှူးများနှင့် ပြည်သူများ၏ မေးမြန်းချက်များကို ဖြေကြားကာ၊ ပြည်သူများကလည်း လက်ရှိဖြစ်ပေါ်နေသော အခြေနေများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်။

ပြည်သူများ၏ ဆွေးနွေးတင်ပြချက်များတွင် မြေယာကိစ္စမျာ၊း ကျေးရွာမီးလင်းရေး၏ ပွင့်လင်းမြင်သာမှု မရှိသည့်ကိစ္စ၊ ပညာရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ အဝီစိတွင်းကိစ္စ၊ စည်ပင်အခွန်ကောက်ခံခြင်းကိစ္စ၊ ဝါခရူမြို့ဟောင်းထဲ သစ်ပင်စိုက်သည့်ကိစ္စ၊ ပညာရေးစနစ်ကိစ္စရပ်များ ပါဝင်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညဏ်ဟိန်း က “လွှတ်တော်ရဲ့ လုပ်ငန်းစဉ် သဘောတရားတွေကို ပြည်သူများ သိစေချင်တယ်။ ပြည်သူများရဲ့အသံ ပြည်သူများရဲ့ဆန္ဒကိုလည်း ပြန်လည်ကြားသိချင်တယ်။ ပြည်သူအသံ လွှတ်တော်အသံ၊ ပြည်သူဆန္ဒ လွှတ်တော်ဆန္ဒပါဘဲ။ ဥပဒေနဲ့ မညီညွတ်တဲ့ကိစ္စ လိုက်နာစရာ မလိုဘူး။ လယ်သိမ်း မြေသိမ်းကိစ္စတွေကို အစိုးရက ဘာမှ အကောင်အထည် မဖော်တော့ဘူး ဆိုရင် ပြည်သူတွေရဲ့ လက်ထဲကို ပြန်ပေးရမယ်” ဟု တွေ့ဆုံပွဲတွင် ပြောသည်။

ဝါခရူကျေးရွာမှ ဦးဝင်းမြင့်က “လွှတ်တော်တွေ နားချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ ဒီလိုပဲ ရပ်ရွာတွေတိုင်းမှာ ဆုံတွေ့မှုတွေ လုပ်စေချင်တယ်။ အဲ့ဒါမှ ပြည်သူ့အသံတွေဟာ လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် လွှတ်တော်ထဲကို ရောက်ပြီး သိသင့်တာတွေကို သိသွားကြရင် လုပ်ပေးသင့်တာတွေကို လုပ်ပေးနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။
%e1%80%9e%e1%80%b6%e1%80%bb%e1%80%96%e1%80%b4%e1%80%87%e1%80%9b%e1%80%95%e1%80%b9%e1%80%9c%e1%82%8a%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%80%e1%80%af%e1%80%ad%e1%80%9a%e1%80%b9
သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.