မုဒုံ နိုဝင်ဘာ ၉

မုဒုံမြို့၊ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ ကန်ကြီးရေကန်၌ နိုဝင်ဘာ(၆)ရက်နေ့က လူတစ်ဦးရေဆင်းကူးရာမှရေနစ်သေဆုံးကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊ကန်ကြီးရေကန်၊ ရပ်တော်မူဘုရားအနီး၌ နိုဝင်ဘာ(၆)ရက်၊မွန်းလွဲ (၄း၀၀)နာရီအချိန်ခန့်တွင် လူတစ်ဦးရေနစ်သေဆုံးနေကြောင်းသတင်းအရသက်သေများနှင့်အတူ မုဒုံမြို့မ ရဲစခန်းမှူးဒုရဲမှူးပြုံးချိုမှသွားရောက်စစ်ဆေးရာ မုဒုံမြို့၊မြို့မ(၄)ရပ်ကွက်၊(၃)မိုင်ခန့်အကျယ်ရှိကန်ကြီးရေကန်တောင်ဘက်ရေအစပ်တွင်ဆောက်လုပ်ထားသည့်လေညှင်းဆောင်အောက်ရေအနက်(၁၂)ပေခန့်ရေအောက်တွင် ထိန်ဝင်း(၃၇)နှစ်၊စမ်းကြီး(၂)လမ်း၊ဈေးကြိုရပ်ကွက်၊မော်လမြိုင်မြို့နေသူဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရ သည်။

အလောင်းအားမှုခင်းဆေးစာဖြင့် မုဒုံပြည်သူ့ဆေးရုံးသို့ပို့အပ်ခဲ့ပြီး သေဆုံးမှုနှင့်ပတ်သက်၍ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်ရုတ်တရက်သေဆုံးသောအလောင်းနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးနိုင်ရန် နိုဝင်ဘာ(၆)ရက်နေ့တွင် ဒုရဲမှူးပြုံးချိုမှမမစ(မုဒုံ)သေမှုသေခင်းနှစ်စဉ်အမှတ်၁၈/၂၀၁၆ဖြင့်သတင်းချက်ရေးဖွင့်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရသိရှိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.