နယ်သာလန်နိုင်ငံမှ ပေးအပ်ချီးမြှင့်မည့် University Twente Scholarships 2017 (UTS) ပညာ သင်ဆုကို ဥရောပနိုင်ငံများသာမက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ စိတ်ဝင်စားသည့် ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်ကြောင်းသိရသည်။

အဆိုပါ ပညာသင်ဆုလျှောက်ထားသူများသည် နယ်သာလန်နိုင်ငံ၊ Enschede မှာ ရှိသည့် Twente University တွင် Master ဘွဲ့ကို တစ်နှစ်ခန့် တက်ရောက်ရမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများတွင် သုတေသန ပညာရပ်များ၊ သိပ္ပံနှင့် နည်းပညာရပ်များကို လေ့လာနိုင်မှာ ဖြစ်ကြောင်းသိရသည်။

စုစုပေါင်းပညာသင်ဆု (၃၀) ဆု အထိ ပေးအပ်သွားမည်ဖြစ်ပြီး အင်္ဂလိပ်စာ အရည်အချင်း စမ်းသပ်စစ် ဆေးမှုများ၊ IELTS အဆင့် သတ်မှတ်ချက် 6.5 နှင့် Speaking Skill 6.0 အထိ တတ်မြောက်ထားရမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်တွင် သင်ကြားမည့် ဘာသာရပ်များမှာ Applied Mathematic Applied physics ၊ Biomedical Engineering ၊ Business Administration၊ Business Information Technology ၊ Chemical Engineering ၊ Civil Engineering& Management Communication Studies၊ Computer Science ၊Construction Management and Engineering၊ Educational Science & Technology ၊ Electrical Engineering ၊ Embedded Systems ၊ European Studies ၊Health Science ၊ Human media interaction ၊Industrial Design Engineering ၊ Industrial Engineering & Management ၊Environment & Energy management နှင့် Science Education & Communication စသည့် ဘာသာ ရပ်များအပြင် စုစုပေါင်း ဘာသာရပ် (၂၈) ဘာသာခန့် သင်ကြားနိုင်မှာ ဖြစ်ကြောင်းသိရသည်။
%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%8a%e1%82%8a%e1%80%94%e1%80%b9%e1%80%95%e1%80%b6%e1%80%af
ပညာသင်ဆုလျှောက်သူများကို တစ်နှစ်လျှင် € 3000 မှ € 25000 အထိထောက်ပံ့သွားမည်ဖြစ်ပြီး နေထိုင်စရိတ်များနှင့် စာသောက်စားရိတ်များအပြင် ကျူရှင် စရိတ်များပါ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်ကို http://scholarship-positions.com/university-twente-schol…/…/ ဝက်ဘ်ဆိုဒ် တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

တင်ဆက်သူ – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.