ဂျပန်နိုင်ငံ၊ Waseda တက္ကသိုလ်မှ မြန်မာနိုင်ငံသားများအတွက် သီးသန့်ကမ်းလှမ်းထားသည့် Special Scholarship Program exclusively For the Republic of the Union of Myanmar ပညာ သင်ဆုကို မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီး အဆိုပါ ပညာသင်ဆုအတွက် တစ်လလျှင် ဂျပန် ယမ်းငွေ တစ်သိန်း တစ်သောင်းပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခင်ပညာသင်ဆုများက Application Fee ကို ယန်းသုံးသောင်းပေးရလေ့ရှိပြီး ယခုပညာ သင်ဆု လျှောက်ထားသူများသည် ယင်းသို့ပေးဆောင်ရမည်မဟုတ်ဘဲ နေစရိတ်၊စားစရိတ်၊ သုတေသနအတွက် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Waseda တက္ကသိုလ်တွင် ပညာသင်ဆုရရှိသူသည် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကို (၅) နှစ်တာ သင်ကြား ခွင့်ရှိမှာဖြစ်ပြီး Political Science,Commerce Science and Engineering,Japanese Applied Linguistics,Economic,Law, Education ,Enviroment and Energy Engineering, Social Sciences, Sports Sciences,Asia-Pacific Studies,Information,Production,and Systems international Culturand Communication Studies စသည့် ဘာသာရပ်များကို သင်ကြားရမှာ ဖြစ်သည့်အပြင် ဂျပန်ဘာသာဖြင့်သင်ကြားရသည့် JapaneBase program နှင့် English-Base Program များအပြင် အခြား ဘာသာရပ်ခွဲများစွာကိုလည်း သင်ကြားနိုင်မှာဖြစ်ကြောင်းသိရသည်။

လျှောက်ထားလိုသူများသည် အောက်ပါ အရည်အချင်းများနှင့်လည်း ပြည့်စုံသူဖြစ်ရမည်ဖြစ်သည်။
%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%9b%e1%81%9a%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%8a%e1%82%8a%e1%80%94%e1%80%b9
(၁) လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်။

(၂) မဟာဘွဲ့၊ပါရဂူဘွဲ့ (၅) နှစ်ပညာသင်ဆုအတွက် ကျောင်းပညာရေး (၁၅)နှစ်ပြီးဆုံးသူဖြစ်ရပါမည်။ အခြေခံပညာ မူလတန်း၊အလယ်တန်း၊အထက်တန်း စုစုပေါင်း (၁၁)နှစ် အပြင် တက္ကသိုလ် တွင် (၃)နှစ် စုစုပေါင်း (၁၅) နှစ်ကို ဆိုလိုခြင်းမဟုတ်ဘဲ ကျောင်းပြီးချိန်တွင် အသက် (၂၂) နှစ်၊ ကျောင်းပညာများသင်ကြားချိန် (၁၅) နှစ် ရှိထားသူဖြစ်ရပါမည်။

(၃) မိမိလျှောက်လိုသည့် ဘာသာရပ်အလိုက် Waseda တက္ကသိုလ်ရှိ သက်ဆိုင်ရာ Graduate Schoဝl ကသတ်မှတ်ထားသည့် ဘာသာရပ်အရည်အချင်းများ ရှိသူဖြစ်ရပါမည်။

(၄) ပါရဂူဘွဲ့လျှောက်ထားလိုသူများသည် ပြည်တွင်းဖြစ်စေ၊ပြည်ပဖြစ်စေ မဟာဘွဲ့ ရရှိထားသူဖြစ်ရ မည်ဖြစ်သည်။

အဆိုပါ ပညာသင်ဆုနှင့်ပတ်သတ်ပြီး ရွေးချယ်ပုံအဆင့်ဆင့်နှင့် အခြားသတ်မှတ်ချက် အသေးစိတ် အချက်အလက်များကို သိလိုသူများသည် [email protected] တွင် ဆက်သွယ်စုံစမ်းနိုင်သကဲ့ သို့ http://web.waseda.jp/admission/en/ssp/myanmar ဝက်ဆိုဒ်တွင်လည်း ဝင်ရောက် လေ့လာနိုင်ကြောင်းသိရသည်။

TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.