မုဒုံ အောက်တိုဘာ ၂၅
မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာနှင့် နိုင်လှုံကျေးရွာအကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ဂျိုကာ တံတားအနီး၌ အောက်တိုဘာ(၂၄)ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။
ဖြစ်စဉ်မှာ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ မော်သံကားလမ်း၊ ဂျိုကာတံတားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ မုဒုံမြို့မရဲစခန်းမှဒုရဲအုပ်ဆန်းထွန်းဦးစီး၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ရာ မော်တော်ကားလမ်းမအတိုင်း သံဖြူဇရပ်ဘက်မှ မုဒုံဘက်သို့ ယာဉ်မောင်း ဝင်းကိုလတ် မောင်းနှင်လာသော ယာဉ်အမှတ် 2K………ခရီးသည်တင်မှန်လုံယာဉ်မှာ ဆိုင်ကယ်များအား တိမ်းရှောင်စဉ်အရှိန်မထိန်းနိုင်ဘဲတစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာ ဦးဒင် မောင်းနှင်လာသည့် ယာဉ်အမှတ်၅ယ/…………၊Wave 125ဆိုင်ကယ်အားတိုက်မိခဲ့ကြောင် းရဲမှတ်တမ်းအရသိရှိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဦးဒင်တွင် ဦးခေါင်းဖူးရောင်ဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးပြီး မှုခင်းဆေးစာဖြင့်မုဒုံဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့်ခရီးသည်တင်မှန်လုံယာဉ်မောင်းအားဥပဒေအရအရေးယူပေးပါရန်ဒုရဲအုပ်ဆန်းထွန်းမှ မုဒုံမြို့မရဲစခန်းသို့ တိုင်တန်းသဖြင့် ယာဉ်(ပ)၃၆/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ.၃၀၄.ကဖြင့် သတင်း ချက်ရေးဖွင့်ပြီး ယာဉ်မောင်းအား ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
သတင်း – မင်းဥဒါန်း