ပြည်တွင်းမှ ဘွဲ့တစ်ခုခုရရှိပြီး Professional အနေဖြင့်ဖြစ်စေ၊ General Worker အနေဖြင့် ဖြစ်စေ၊ ပညာတော်သင်အနေဖြင့်ဖြစ်စေ ဂျပန်နိုင်ငံသို့သွားရောက်မည်ဆိုပါက ဂျပန်စာ အရည်အချင်း သတ်မှတ်ချက် N-3 level ထိ တက်မြောက်ပြီးမှသာ သွားရောက်သင့်ကြောင်း သိရသည်
ဂျပန်နိုင်ငံသို့ သွားရောက်သူများထဲတွင် ပညာတော်သင်တတ်ရောက်သူများနှင့် အလုပ်လုပ် ကိုင်ရန်သွားရောက်သူများ အများဆုံးဖြစ်ကြောင်းသိရသည်။
“ဂျပန်သွားမယ်ဆိုရင် အနည်းဆုံး N-3 level ရမှသွားစေချင်တယ်။ Certificate တွေရပြီး စကားမရရင် ဟိုမှာအခက်အခက်အခဲတော်တော်ဖြစ်ပါတယ်။ ဂျပန်သွားတဲ့သူတော်တော်များများဟာ မသိနားမလည်ပဲ သွားကြတော့ အလိမ်ခံရတာတွေများပါတယ်။ N-3 Level ကိုလည်း ကျောင်းစာသင် သလို တစ်ပတ်(၅)ရက်ဆိုလည်း(၅)ရက်ပေါ့ စနစ်တကျသင်ကြားစေချင်တယ်။ မော်လမြိုင်မှာ ဂျပန် စာသင်တန်းတွေ ဖွင့်ထားပါတယ်”ဟု ဂျပန်နိုင်ငံမှာ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ထားတဲ့ Sky Home Myanmar Development Center မှ CEO ဖြစ်သူ ဒေါ်တင်တင်ထိုက်က သံလွင်တိုင်းမ်သို့ပြောသည်
ဂျပန်ဘာသာစကား အနိမ့်ဆုံး N-5 Level မှ အမြင့်ဆုံး N-1 Level အထိရှိရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်များ ရရှိသည့်ဂျပန် Scholarship ပညာဆုဖြင့် ကျောင်းတက်မည့်သူများ လည်း ဂျပန်စကားကို N-3 Level တတ်မြောက်ထားသင့်ကြောင်းသိရသည်။
“ဂျပန်သွားမယ်ဆိုရင်တော့ အလုပ်နဲ့ပဲသွားသွား ကျောင်းနဲ့ပဲသွားသွား သူတို့နိုင်ငံကဘာသာ စကားကို ကျွမ်းကျင်နေမှပါ။ ဘာသာစကားကိုလည်း N-3 လောက်မရမှ သွားစေချင်တယ်။ သူတို့ နိုင်ငံရဲ့အနေအထားတွေကိုလည်းကြိုတင်လေ့လာထားသင့်တယ်”ဟု ဂျပန်နိုင်ငံတွင် Professional အနေဖြင့် သွားရောက်အလုပ်လုပ်မည့် စက်မှုအင်ဂျင်နီယာ ကိုစိုးနိုင်ထူးက သံလွင်တိုင်းမ်သို့ ပြောသည်။
၂၀၁၇ ခုနှစ် ဧပြီလနှင့် ဇူလိုင်လမှစ၍ ကျောင်းတက်လိုသူများအတွက် Sky Home Myanmar Development Center မှ ကျောင်းလျှောက်ပေးမှာဖြစ်ပြီး အမှတ်(၂၄)၊(၅)လမ်း၊ မြိုင်သာယာ၊ မော်လမြိုင်မြို့မှာလည်း ဂျပန်စာသင်တန်းပို့ချပေးလျက်ရှိပြီး အသေးစိတ်ကို ၀၉၇၉၂၆၅၃၇၈၊ ၀၉၇၇၅၆၇၇၇၂၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်
သတင်း – TU Arkar Min