ကျိုက်မရော၊ စက်တင်ဘာ ၆

ကျိုက်မရောမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း မှုခင်းပေါင်း (၁၅၅)မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။<!--more-->



ဖြစ်ပွားခဲ့သော မှုခင်းပေါင်း(၁၅၅)မှုတွင် လူသက်မှု(၅)မှု၊ ယာဉ်တိုက်မှု(၃၉)မှု၊ သာမန်နာကျင်စေမှု(၅)မှု အခြားအမှု(၃၃)မှု၊ လက်နက်မှု(၄)မှု၊ ချဲသုံးလုံး(၁)မှု၊ ချဲနှစ်လုံး(၁)မှု၊ လောင်းကစားမှု(၁)မှု၊ မူးယစ်ဆေးဝါး မှု(၉)မှု၊ ခြေချူပ်မှု(၄)မှု၊ ရဲအက်(၂၃)မှုတို့ဖြစ်ပြီး ယာဉ်တိုက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ 

“မှုခင်းတွေအများကြီးဖြစ်နေတာတော့ လုံးဝမကောင်းဘူး။ မှုခင်းတွေမဖြစ်ပွားရေးကြိုတင်ပြင်ဆင်ထား ဖို့လိုအပ်တယ်”ဟု ကျိုက်မရောမြို့ခံ ကိုအောာင်သိန်းက ပြောသည်။

လက်ရှိအချိန်တွင် မှုခင်းကျဆင်းရေးအတွက် ထွေအုပ်ရုံး၊ တရားရုံး၊ ဥပဒေရုံး၊ မီးသတ်၊ လဝက၊ ကြက်ခြေနီ၊အခွန်ဦးစီး၊စာရင်းစစ်၊စီမံကိန်းစသည့် ဌာနများနှင့် ကျိူက်မရောမြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ကော်မတီဖွဲ့စည်းထားကြောင်းလည်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင်(၂၀၁၅)ခုနှစ် ပထမရှစ်လအတွင်း မှုခင်းပေါင်း(၁၈၅)မှုဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ထက်စာလျှင် (၁၀) မှုခန့်လျော့ကျကြောင်း သိရသည်။

logo-osx
သတင်း – ကိုထူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.