August 2016

အခြေခံလူ့အခွင့်အရေးနှင့် LGBT (လိင်တူချစ်သူ) အခွင့်အရေးဆိုင်ရာသင်တန်း ရေးမြို့တွင် ၃ ရက်ကြာဖွင့်လှစ်

ရဲနိုင်ဦး ရေး ၊ သြဂုတ် ၂၉ အခြေခံလူ့အခွင့်အရေးနှင့် လိင်စိတ်ခံယူမှုအပေါ် ခွဲခြားခံရသည့် LGBT (လိင်တူချစ်သူ)အခွင့်အရေးဆိုင်ရာသင်တန်းကို ရေးမြို့၊ ပြည်ခိုင်ဖြိုးခန်းမတွင် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည်ဟုသိရသည်။

(၂၈)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အခမ်းအနား မွန်ပြည်နယ် (၁၀)မြို့နယ်လုံးတွင် ကျင်းပမည်

မော်လမြိုင်၊ ဇူလိုင် ၂၈ (၂၈)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ မနက်(၈)နာရီတွင် မွန်ပြည်နယ် (၁၀)မြို့နယ်စလုံး၌ တစ်ပြိုင်နက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှသိရသည်။

မုဒုံ ဂျုံးဂျုံးကျရေတံခွန်နှင့် ကန်ကြီးကန်တွင် တစ်ပတ်အတွင်း ရေနစ်သေဆုံးမှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၂၇ မုဒုံမြို့ရှိ လည်ပတ်ရာနေရာတစ်ခုဖြစ်သော ကန်ကြီးကန်နှင့် ဂျုံးဂျုံးကျရေတံခွန်တွင် တစ်ပတ်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၈)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ကာတွန်း၊ ကဗျာပြပွဲပြုလုပ်မည်

မော်လမြိုင်၊ ဇူလိုင် ၂၈ (၂၈)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ကာတွန်း၊ ကဗျာပြပွဲပြုလုပ်ရန်အတွက် စီစဉ်လျက်ရှိပြီး ပါဝင်ရေးသားဖော်ပြလိုသူများအတွက် စာမူဖိတ်ခေါ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ပေါင်မြို့နယ်တွင် တစ်ပတ်အတွင်းယာဉ်တိုက်မှု (၃)ခုဖြစ်ပြီး လူ(၄)ဦးသေဆုံး

ပေါင်၊ ဇူလိုင် ၂၆ ယာဉ်တိုက်မှုဖြစ်စဉ်များမကြာခဏဖြစ်ပွားသည့် ပေါင်မြို့နယ်တွင် ဇူလိုင်(၁၉)ရက်မှ (၂၆)ရက်နေ့အထိ တစ်ပတ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာမှ လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးကိစ္စ ကိုင်တွယ်ရခက်နေသည့်အခြေအနေတွင်ရှိနေကြောင်း မွန်ဝန်ကြီးချုပ် ရေးမြို့ခရီးစဉ်တွင် ပြောကြား

ရေး ၊ ဇူလိုင် ၂၈ မူးယစ်ဆေးဝါးကိစ္စအနေဖြင့် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေပြီး လုပ်ကိုင်ရခက်သည့်အခြေ အနေတွင်ရှိနေကြောင်း ဇူလိုင်လ ၂၁ ရက်နေ့၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

ပေါင်မြို့တွင်ကျောင်းသား ၁၀၀၀ကျော်ကို နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးရန်အသင့်ဖြစ်နေ

ပေါင်၊ ဇူလိုင် ၂၈ ရက်တစ်ရာ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ မွန်ပြည်နယ်လဝက ဌာနက ပြုလုပ်ပေးနေပြီး ဦးစားပေးအဆင့်ဖြင့် စာသင်ကျောင်းများမှ ကျောင်းသားများအားပြုလုပ်ပေးနေခဲ့ရာ လူဦးရေ (၁၀၀၀)ကျော်အား ထုတ်ပေးရန်စီစစ်ပြီးဖြစ်သည်ဟုသိရသည်။

ကျေးရွာမီးလင်းရေးကော်မတီများမှ လေလွင့်ယူနစ်အတွက် ပြည်သူထံမှကောက်ခံ၍ ငွေပေးသွင်းနေရ

ပေါင်၊ ဇူလိုင် ၂၅ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မှတ်သားပေးသော မီတာယူနစ်သတ်မှတ်ချက်အရ ကျေးရွာမီးလင်းရေးကော်မတီများက ငွေကျေးပေးသွင်းနေကြရပြီး ဓာတ်အားလေလွင့်ပျောက်ဆုံးမှုအတွက် ပါ တွက်ချက်ပေးသွင်းရပြိး ထိုငွေများကို မီးသုံစွဲသူပြည်သူများထံမှအချိုးကျတွက်ချက်ကောက် ခံပေးနေရကြောင်း မီးလင်းရေးကော်မတီများထံမှ သိရသည်။

ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း ခရုဖျက်နေဆဲဖြစ်သောကြောင့် လယ်သမားများအခက်တွေ့

ပေါင်၊ ဇူလိုင် ၂၅ မြို့နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်မိုးစပါးရာသီအတွက် ခရုနှင့်ပတ်သက်သော ပညာပေးမှု (၃၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စပါးပျိုးခင်းများအား ခရုဖျက်ဆီးခံရသဖြင့် မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သဲကုန်း၊ ညောင်ကုန်းကြီး၊ ထန်းပင်ချောင်လေးကျေးရွာ တို့မှ လယ်သမား များထံမှ သိရသည်။