ပေါင်၊ ဇူလိုင် ၅

ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းနဘေးရှိ နှစ်ပေါင်း(၁၅၀)သက်တမ်းရှိ တမီလ် ဘုရားကျောင်းကို ဖြိုဖျက်ပြုပြင်ရန် စီစဉ်နေကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

poung-twon
” ပြုပြင်မယ့် ကိစ္စကတော့လုပ်မှာပါ။ သက်ဆိုင်ရာကိုတင်ပြမှုတွေလုပ်ထားပါတယ်။ ပုဏ္ဍားတော်ကြီးတွေကိုလည်း ဖိတ်ထားပါတယ်။ ဝါခေါင်လထဲမှာပဲဖျက်မှာပါ”ဟု တမီလ်ဘုရားကျောင်းဂေါပက မှအတွင်းရေးမှုး

ဦးမြင့်အောင်က သံလွင်တိုင်းမ်သို့ပြောသည်။

အဆိုပါ ဘုရားကျောင်းသည် ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်ပြီး အသစ်ပြန်လည်ပြုပြင်ပါက ရှေး ဟောင်းအမွေအနှစ် ပျောက်ပျက်သွားမှာကို စိုးရိမ်နေကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။

“ဘာသာရေးအဆောက်အဦးလည်းဖြစ်တယ်။ ရှေးဟောင်းပစ္စည်းတွေလည်းရှိနေတယ်ဆိုတော့ သက်ဆိုင်ရာက ဒီကိစ္စကိုပေါ့ပေါ့တန်တန်တော့မကိုင်တွယ်သင့်ပါဘူး။ သာသနာရေးဦးစီးကခွင့်ပြုထားလားလို့မေး ချင်ပါတယ်” ဟု ကွဲျခြံရွာသား ဦးဝင်းညွန့်ကပြောသည်။

အင်္ဂလိပ်တို့၏ သိမ်းပိုက်ခြင်းခံရပြီးနောက်၊ အောက်မြန်မာပြည်သို့ အိန္ဒိယမှ ချစ်တီးများအားဝင်ရောက်ခွင့်ပြုခဲ့ရာ ပေါင်မြို့ရှိကျေးရွာအချို့၌ အခြေချနေထိုင်မှုပြုလုပ်ကြစဉ် ချစ်တီးသူဌေး “စွပ်ကလိန် ခြုံ”ဆိုသူက ထို တမီလ်ဘုရားကျောင်းကြီးကို မတည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဦးတို့ငယ်ငယ်တုန်းကတော့ ဦးစွပ်ကလိန်ခြုံ (၁၉၂၃)ဆိုပြီးရေးထားတဲ့အုတ်ဂူတွေ့ရသေးတယ်။ သူကဒီကျောင်းကို အရွယ်ကောင်းစဉ်ကစဆောက်ခဲ့တာဆိုတော့ သူသေတာကအသက်(၉၀)ကျော်အဲဒါတွေကို

ပေါင်းပြီးတွက်ကြည့်တော့ ဒီကျောင်းကြီးကနှစ်သက်တမ်း(၁၅၀)ကျော်လို့အတည်ပြုနိုင်မှာပါ”ဟု ကျောင်းဆရာ အငြိမ်းစားတစ်ဦးဖြစ်သူ ဦးတင်စိုးက သံလွင်တိုင်းသို့ရှင်းပြပြောဆိုသည်။

ထိုတမီလ်ဘုရားကျောင်းတွင် အဖိုးကြီးတစ်ဦးတောင်ဝှေးကိုင်ထားသည့်ရုပ်ထုအား စူဌာမဏိ ဟု

အမည်ပေးထားပြီး ဒေါင်းအမဲ ရုပ်ထုတစ်ခု၏ နှုတ်သီးတည့်တည့်တွင် စူဠာမဏိအား ပူဇော်ထားရှိထားသည်ကိုတွေ့ရသည်။ ထိုဘုရားကျောင်းမှ ရှေးဟောင်းပစ္စည်းများကို မသမာသူများကခိုးယူမှုပြုလုပ်ခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့ပြီး ဒေါင်းအမဲရုပ်ထုကိုပါခိုးယူရန်စီစဉ်နေတုန်းအချိန်မီတားဆီးနိုင်ခဲ့ကြောင်းဒေသခံများက ပြောဆိုကြသည်။

အဆိုပါ တမီလ်ကျောင်းကြီးတွင် ဂျပန်တပ်များတပ်စွဲခဲ့ဖူးပြီး ပြန်ဆုတ်ချိန်တွင် ဖောက်ခွဲမှုပြုလုပ်ခဲ့သေးကြောင်း ဝန်ကြီးချုပ်ဦးနုအုပ်ချုပ်စဉ်အချိန်က ကျွဲခြံရွာတွင်လက်နက်ကိုင်အဖွဲ့များကြီးစိုးခဲ့ကြောင်း၊ တမီလ်ဘုရားကျောင်းဘေးနားတွင် ပျုစောထီးရဲများ၏စခန်းရှိခဲ့ကြောင်း ထိုကျောင်းပတ်ဝန်းကျင်တွင်နေထိုင်နေကြ သည့် ကိုယ်တိုင်မြင်တွေ့သိရှိသူ ရွာသားများကပြောသည်။

သတင်း – ဝရဇိန် (ပေါင်) ပုံပါ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.