November 3, 2015

မြို့နယ်အချို့တွင် မဲပေးပုံ ပေးနည်း သေချာနားမလည်လို့ ဆန္ဒမဲပေးရန် စိတ်ဝင်စားမှုနည်းပါး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တို့သည် မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ သေချာ နားမလည်ထားသည့်အတွက် ရွေးကောက်ပွဲရက်တွင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှု နည်းပါးနိုင်သည်ဟု ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။ “ကျေးရွာနေ သာမန်လူတန်းစား အများစုက လွှတ်တော်ဆိုသာ ဘာမှန်းတောင် မသိသေးသည့် အခြေအနေမှာရှိနေကြတယ်၊ ” ဟု ကွမ်တုံလူငယ်ရိပ်သာနှင့် စာကြည့်တိုက် ဒုဥက္ကဌ(၁) ဦးကျော်ဇေယျာဦးက ပြောသည်။ ၎င်းပြင်…

မွန်ပြည်နယ်တွင် သုံးရက်အတွင်း ကြိုတင်မဲပေးသူ ၃၅၀၀ ကျော်ရှိ

ကြိုတင်မဲ စတင်ပေးရမည့် အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကြိုတင်မဲပေးသူ ၃၀၅၃ ဦးရှိပြီး ဗမာတိုင်းရင်းသားအတွက် ၃၈၀ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅၂ ဦးနှင့် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅ ဦးရှိသည်။