ပေါင်

ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးမခန့်နိုင်သေးသော ရွာ၂ ရွာကျန်နေသေး

ရပ်ကျေးအုပ်စု ၅၇ ခုရှိနေသော ပေါင်မြို့နယ်တွင် ယနေ့အချိန်အထိ ရပ်/ကျေး အုပ်ချုပ်ရေးမှုးမခန့်နိုင်သေးသော ကျေးရွာ ၂ခုရှိနေသေးကြောင်း မြို့နယ် အုပ်ချုပ်ရေးမှုးရုံးသို့မေးမြန်းအတည်ပြုချက်ရရှိခဲ့သည်။ “သဲကုန်းရွာက ပြသနာဖြစ်ပြီး ၁၀ အိမ်မှုးရွေးတဲ့အဆင့် ၊နဲ့ရပ်နေတယ်၊ မြလေးချောင်ရွာကရွေးပြီးပြီ မြို့နယ်အဆင့်က ခန့်စာထုတ်ပေးရမဲ့ အခြေအနေအဆင့်ရောက်နေပြီ ဒါပေမဲ့ အရွေးခံထားရတဲ့ သူက လယ်သမားတွေ ရေငန်တားတမံလုပ်တာကို သွားတားဆီးလို့ဆိုပြီးတိုင်စာတက်လာလိုံဆိုင်းငံ့ထားရတယ်လို့သိရတယ်“ ဟု ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးက တာဝန်ရှိသူတစ်ဦးကပြောဆိုခဲ့သည်။(စိုးသူရ ဒုဦးစီး)…

လွှတ်တော်ကိုယ်စားလှယ်များ မြို့ခံပြည်သူနှင့်တွေ့

ပေါင်မြို့နယ်မှအရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်မှ မြို့ခံပြည်သူများနှင့် တွေ့ဆုံကာ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း ပြည်သူ့အသံနားထောင်ခြင်း အခမ်းအနားကို နိုင်ဘာ ၆ ရက်နေ့က ပေါင်မြို့ ကဒုံစီး တိုက်ကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။ ထိုသို့အခမ်းအနားပြုလုပ်ခြင်း နဲ့ ပတ်သက်၍ သတင်းမေးမြန်းခဲ့ရာ “လွှတ်တော်ရဲ့လုပ်ငန်းသဘောတရားကို ပြည်သူကိုသိစေချင်တယ်ပြည်သူရဲ့အသံကိုလည်း တရားဝင်ပြန်သိချင်တယ် ဒီလိုအခန်းအနားလုပ်ဖို့က ၄ယောက်လုံးအားအောင် အချိန်ညှိနေရလို့ နည်းနည်းနောက်ကျသွားတာပါ အချို့မြို့နယ်တွေပြီးပြီ အချို့မြိုံတွေလည်းမလုပ်ရသေးဘူး…

မီးလင်းရေးကော်မီတီများ ငွေကြေးနှင့်ပတ်သက်သည့် စီမံပုံ အများမယုံကြည်

အများထည့်ဝင်ငွေများဖြင့်လုပ်ငန်း လုပ်ကိုင်နေကြရသည့်ကျေးရွာမီးလင်းရေးကော်မတီများအနေဖြင့် ငွေကြေးကိုင်တွယ်သုံးစွဲမှုများတွင်လည်းကောင်း လက်ကျန်ငွေများကို ထားရှိမှုနည်းစနစ် လုပ်ထုံးမညီခြင်းကြောင့်လည်းကောင်း ပြည်သူအများ ယုံကြည်မှုမရှိတော့သည့်အခြေအနေများ ဖြစ်ပေါ်နေပြီး ပေါင်မြို့နယ်ကျွဲခြံကျေးရွာ

ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး မခန့်အပ်နိုင်သေးသည့် ကျေးရွာ(၂)ရွာ ကျန်ရှိနေသေး

ပေါင်၊ နိုဝင်ဘာ ၈ ပေါင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရန် (၂)ရွာခန့် ကျန်ရှိနေသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ပြည်သူ့အသံကို သိစေဖို့ ပေါင်မြို့နယ်ကိုယ်စားလှယ်များစုပေါင်းကာ ပြည်သူများနှင့်တွေ့ဆုံ

ပေါင်၊ နိုဝင်ဘာ ၆ ပြည်သူ့အသံသိစေရန်အတွက် ပေါင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းပြီး ပြည်သူများနှင့်တွေ့ဆုံပွဲကို နိုဝင်ဘာ(၆)ရက်နေ့တွင် ပေါင်မြို့နယ်၊ ကဒုံစီး တိုက်ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့တွင်သက်ငယ်မိန်းကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်နေ

ပေါင်မြို့နယ်အတွင်း အသက်၁၆နှစ်ဝန်းကျင် သက်ငယ် မိန်းကလေးပျောက်ဆုံးမှု ဆက်တိုက် ဖြစ်ပွား နေပြီး ရဲစခန်းများသို့ လူပျောက်တိုင်ကြားခြင်းများရှိနေကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

လွှတ်တော်မှ တင်သွင်းသည့် မေးခွန်းနှင့်အဆိုများအပေါ် အစိုးရ၏ တုန့်ပြန်လုပ်ဆောင်မှုအားနည်းဟု လွှတ်တော်ကိုယ်စားလှယ်များကပြော

ပေါင်၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများ မေးခွန်းများအပေါ် ပြည်နယ်အစိုးရ၏ တုံ့ပြန်မှု အားနည်းနေပြီး ထိရောက်မှု ၅၀% ခန့်သာရှိနေသေးကြောင်း ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်၂ မှ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကပြောသည်။<!--more--> “ရေတိုကိစ္စတွေပဲ ပြန်လည်ဖြေကြားနေတယ်။ ကျွန်တော်လိုချင်တာက ရေရှည် စီမံချက်ဘယ်လို လုပ် ဆောင်မယ်ဆိုတဲ့အစီအမံကိုပါ။ သူတို့ဖြေဆိုချက်တွေအရ မူဝါဒခိုင်ခိုင်မာမာ မရှိသေးဘူးလို့ယူဆတယ်။ ကျောက်မိုင်းကိစ္စမေးတယ်။ ထန်းပင်ချောင်ကချောင်း မြေကိုအကွက်ရိုက်ပြီးရောင်းထားတဲ့…

စပါးဈေးများကျဆင်းနေမှုကြောင့် သိုလှောင်ထားသူများအရှုံးပေါ်

လွန်ခဲ့သောတစ်လခန့်ကစတင်ပြီး စပါးဈေးများကျဆင်းနေခဲ့ရာ ပေါ်ဆန်းမွှေးစပါး တင်းတစ်ရာ ကို ယခင်လက ၉သိန်းကျပ် ကျော်ဈေးပေးဝယ်ယူနေသော်လည်း ယခုရက်ပိုင်းအတွင်း ၇ သိန်းကျပ်သာ ပေါက် ဈေးရှိနေသော်လည်း ကုန်သည်များအနေဖြင့် လိုက်လံဝယ်ယူမှုသိသိသာသာနည်းပါးသွားကြောင်း စပါးကုန် သည်များအားမေးမြန်းသိရသည်။<!--more--> “လယ်သမားတွေက ငွေမလိုဘူးဆိုပြီး ဈေးကောင်းစောင့်ကြတယ်။ မနှစ်က ဒီအချိန်မှာဈေး တက်တာ နဲ့ဆုံထားတာလေ။ ကံနဲ့လည်းဆိုင်တယ်။ အချို့ကုန်သည်တွေကလည်း ဝယ်လှောင်ထားမိပြီး အခုလိုဈေးက မတရားကြီးရုတ်တရက်ထိုးကျတော့အထိနာကြတာပေါ့“ဟု စပါးကုန်သည်နှင့်ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ…

ပေါင်မြို့နယ်ရှိ စေတီတစ်ဆူတွင် သရုပ်ဆောင်ဟိန်းဝေယံအမည်ဖြင့် ယတြာပြုလုပ်ခြင်းအပေါ် ဒေသခံများ ကန့်ကွက်မှုဖြစ်ပေါ်

ပေါင်၊ အောက်တိုဘာ ၂၄ ပေါင်မြို့နယ်ရှိ မဟာသုဒဿနတောင် ဆုတောင်းပြည့်ဘုရားတွင် ရုပ်ရှင် သရုပ်ဆောင် မင်းသား ဟိန်း ဝေယံ အမည်ဖြင့် ယထြာပြုလုပ်ထားခြင်းကို ဘုရားဖူးသူများ စိတ်အနှောင့်ယှဉ် ဖြစ်စေသည့်အတွက် မပြုလုပ် ရန် မြို့သူမြို့သားများက ကွန့်ကွက်ကြောင်း သတင်းရရှိသည်။

ပေါင်မြို့တွင်သက်ငယ်မိန်းကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်နေ

အသက်၁၆နှစ်ဝန်းကျင် သက်ငယ် မိန်းကလေးပျောက်ဆုံးမှု ပေါင်မြို့နယ်အတွင်းဆက်တိုက်ဖြစ်ပွားနေပြိး ရဲစခန်းများသ ို့ လူပျောက်တိုင်ကြားခြင်းပြုလုပ်တိုင်ကြားမှု ကြောင့်ပြန်လည်တွေ့ရှိမှုများရှိသလို ၊ပျေက်ဆုံးနေဆဲ မိန်းကလေးများလည်းရှိနေသေးကြောင်းရဲတပ်ဖွဲ့သို့မေးမြန်းအတည်ပြုသိရသည်။<!--more--> အင်တာနက် ဖေ့ဘုတ် အသုံးပြုသူ မိန်းကလေးများအားရင်းနှီးအောင်ပြုလုပ်ပြီးတစ်နေရာတွင်တွေ့ဆုံရန် ချိန်းဆိုမှု ပြုလုပ်ကာ ရပ်ဝေးဒေသများသို့ခေါ်ယူသွားမှုများရှိနေပြီး ၊သားမယားအဖြစ် ပေါင်းသင်းမှုများရှိသကဲ့သို့ အသက်မပြည့်သူကိုကို ခိုးယူပေါင်းသင်းမှုကြောင့်တည်ဆဲဥပဒေ အရအရေးယူ ခံရမှုများရှိနေသည် စုံစမ်းဖေါ်ထုတ်မရသေးသော မိန်းကလေးပျောက်ဆုံးမှုများလည်းရှိနေသေးသည်ဟုသိရသည်။ “ကျွန်တော်တို့စခန်းအပိုင်မှာတော့ ၂၀၁၆ နှစ်စကနေဒီနေ့အထိလူပျောက်မှု ၉ ခုလာတိုင်ထားတယ်…