ဝရဇိန်

မြဝတီမှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူ

သထုံ၊ ဇွန် ၂၈ မြဝတီမြို့မှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက် အိတ်ပေါင်း(၁၄၈၀)အိတ်တင်ဆောင်လာသော ကားကို ဒုံသမိတံတားအနီးတွင် ဇွန်လ(၂၈)ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိပါသည်။

ရေတံခွန်အပျော်ခရီးမှပြန်လာသော ဆိုင်ကယ်စီးလူငယ်(၂)ဦး ကားတိုက်မှုကြောင့် သေဆုံး

ပေါင်၊ ဇွန် ၂၈ ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့ပြီး သထုံမြို့သို့ပြန်သည့် လူငယ်နှစ်ဦးစီးလာသောဆိုင်ကယ်တစ်စီးမှာ မျက်နှာချင်းဆိုင်မှလာသည့်ကားတစ်စီးကိုတိုက်မိခဲ့၍ ကားကြိတ်ခံရပြီး နေရာ၌ပင်နှစ်ဦးစလုံးသေဆုံးခဲ့မှု ပေါင်မြို့ကတွန်ကျေးရွာတွင် ဇွန်လ၂၈ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူကလေးငယ်အချို့ရှိနေ

ပေါင်၊ ဇွန် ၂၇ ပေါင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသော ကလေးငယ်အချို့ရှိနေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။