စီးပွားရေး

စပါးဈေးများကျဆင်းနေမှုကြောင့် သိုလှောင်ထားသူများအရှုံးပေါ်

လွန်ခဲ့သောတစ်လခန့်ကစတင်ပြီး စပါးဈေးများကျဆင်းနေခဲ့ရာ ပေါ်ဆန်းမွှေးစပါး တင်းတစ်ရာ ကို ယခင်လက ၉သိန်းကျပ် ကျော်ဈေးပေးဝယ်ယူနေသော်လည်း ယခုရက်ပိုင်းအတွင်း ၇ သိန်းကျပ်သာ ပေါက် ဈေးရှိနေသော်လည်း ကုန်သည်များအနေဖြင့် လိုက်လံဝယ်ယူမှုသိသိသာသာနည်းပါးသွားကြောင်း စပါးကုန် သည်များအားမေးမြန်းသိရသည်။<!--more--> “လယ်သမားတွေက ငွေမလိုဘူးဆိုပြီး ဈေးကောင်းစောင့်ကြတယ်။ မနှစ်က ဒီအချိန်မှာဈေး တက်တာ နဲ့ဆုံထားတာလေ။ ကံနဲ့လည်းဆိုင်တယ်။ အချို့ကုန်သည်တွေကလည်း ဝယ်လှောင်ထားမိပြီး အခုလိုဈေးက မတရားကြီးရုတ်တရက်ထိုးကျတော့အထိနာကြတာပေါ့“ဟု စပါးကုန်သည်နှင့်ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ…

၅၀၀ ကျပ်တန်ထီလက်မှတ်များ ထုတ်ဝေရောင်းချမည်ဖြစ်ပြီး ကိုယ်စားလှယ်များ စတင်လျှောက်ထားနိုင်ပြီ

မော်လမြိုင်၊ စက်တင်ဘာ ၇ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ၅၀၀ ကျပ်တန်ထီလက်မှတ်များကို ထုတ် ဝေရောင်းချရန် စီစဉ်နေပြီး ဝယ်ယူရောင်းချလိုသူများ၊ ထီကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ ဒေသ အလိုက် လျှောက်လွှာများကို မြို့နယ်အခွန်ဦးစီး ဌာနရုံးများမှတဆင့် အောင်ဘာလေသိန်းဆုဌာနခွဲသို့ ပေးပို့