မလေးရှား-ထိုင်းနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှေနစ်မြုပ်၊ ၇ ဦး သေဆုံးပြီး ရာချီ ပျောက်ဆုံးနေ

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၀ မလေးရှား-ထိုင်းနယ်စပ်မှာ လှေတစ်စီးနစ်မြုပ်သွားပြီးနောက် နိုဝင်ဘာ ၉ ရက်က အသက်ရှင်သူ ၁၀ ဦးနဲ့ အလောင်း တစ်လောင်း ရှာတွေ့ထားပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ မလေးရှား ရေပြင်အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း ဘူးသီးတောင်မြို့ကနေ လူ ၃၀၀ လောက်တင်ဆောင်ပြီး ထွက်ခွာလာတဲ့ လှေနစ်မြုပ်သွားပြီးနောက် ပင်လယ်ပြင်မှာ နောက်ထပ် အသက်ရှင်ကျန်သူတွေ…

မြန်မာကျားဖြန့်ဂိုဏ်းက ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ၂၇၀ ကို ဗဟိုအေဂျင်စီ စုံစမ်းစစ်ဆေး

နယူးဒေလီ၊ နိုဝင်ဘာ ၁၀ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာတစ်ခု နှိမ်နှင်းခံရပြီးနောက် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့သို့ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ရာပေါင်းများစွာထဲက မိခင်နိုင်ငံ ပြန်ခေါ်ထားတဲ့ လူ ၂၇၀ ကို ဗဟိုအေဂျင်စီတွေက စုံစမ်းစစ်ဆေးနေကြောင်း အစိုးရ သတင်းရင်းမြစ်တွေက နိုဝင်ဘာ ၉ ရက်က ပြောပါတယ်။ အမျိုးသမီး ၂၆ ဦး အပါအဝင် အိန္ဒိယနိုင်ငံသား ၂၇၀…

သံလွင်တိုင်းမ်သတင်းဌာန’ ၏ ပရိသတ်အမြင် စစ်တမ်း

သံလွင်တိုင်းမ်ရဲ့ ပရိတ်သတ်များအားလုံး မင်္ဂလာပါ…။သံလွင်တိုင်းမ် သတင်းမီဒီယာဌာနဆိုတာ မွန်တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ လွတ်လပ်သော တိုင်းရင်းသား သတင်းမီဒီယာဌာန ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို အချိန်နဲ့အမျှ အဖက်ဖက်ကနေ ပြောင်းလဲဖြစ်ပေါ်တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ သံလွင်တိုင်းမ်ကနေ တင်ဆက်ပေးနေတဲ့ နေ့စဉ်သတင်း၊ ရုပ်သံသတင်း၊ အင်တာဗျူးနဲ့ အခြားသော ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေရဲ့ အမြင်သဘောထားတွေကို တန်ဖိုးထား၍ သိလိုပါတယ်။ အဲဒီအတွက် အွန်လိုင်းကနေ…

အာဏာသိမ်းစစ်တပ် လေယာဉ်သစ်တွေ ထပ်မံအားဖြည့်နေ

နေပြည်တော် ၊ နိုဝင်ဘာ ၉ အာဏာသိမ်းမှုအတွင်း အရပ်သားနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်လေ့ရှိတဲ့ စစ်တပ်က အသစ်ထပ်မံဖြည့်တင်းတဲ့ လေယာဉ်တွေဟာ ပြည်သူလူထုအတွက်ပါ အကျိုးကျေး ဇူးများစွာ ဆောင်ကြဉ်းပေးလာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က နေပြည်တော် လေတပ်စခန်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော် (လေ) ရဲ့ လေယာဉ်၊ရဟတ်ယာဉ်တွေ တပ်တော်ဝင်ခြင်းအခမ်းအနားမှာ အာဏာသိမ်း…

မွန်ပြည်နယ်မှာ မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းသီးနှံစိုက်ပျိုးသူတွေ အရှုံးပေါ်

မော်လမြိုင် ၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းသီးနှံစိုက် ပျိုးသူတွေ အရှုံးပေါ်ပြီး ပြန်စိုက်ဖို့ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်တဝန်းမှာ အခုလ ပထမအပတ်တွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနေတာကြောင့် ကုန်စိမ်းသီးနှံတွေဖြစ်တဲ့ ငရုတ်၊ ပြောင်းဖူး၊ ခရမ်းသီး၊နံနံပင်အပါအဝင် ခရမ်းချဉ်သီးနှံတို့ဟာ အပင်တွေ ပုပ်ကာ…

ဖာပွန် – ကမမောင်းလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

ဖာပွန်၊ နိုဝင်ဘာ ၉ ကရင်ပြည်နယ် ဖာပွန် – ကမမောင်းလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် အင်အားအများအပြားဖြည့်ပြီး ထိုးစစ်ဆင်လာတဲ့လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာ ၆ ရက်နေ့မတိုင်ခင်က ဖာပွန်ခရိုင် ကမမောင်းမြို့ ဝါးဒူးရွာကနေ ဝါးသိုးခိုရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ပေါ့ပ်လန်းမြို့သို့ အမျိုးသား အစောင့်တပ်ဖွဲ့ချထားရေး ထရန့်က တရားမဝင် ညွှန်ကြားထားကြောင်း အမေရိကန် တရားသူကြီး ဆုံးဖြတ်

ပေါ့ပ်လန်း၊ နိုဝင်ဘာ ၈ အမေရိကန်ရဲ့ မြို့တွေမှာ အစိုးရရဲ့စစ်တပ် အသုံးပြုမှုအတွက် တရားဥပဒေဆိုင်ရာ ဆုတ်ယုတ်မှုတစ်ခုအနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အော်ရီဂွန်ပြည်နယ် ပေါ့ပ်လန်းမြို့သို့ အမျိုးသားအစောင့်တပ်ဖွဲ့ချထားရေး တရားမဝင် ညွှန်ကြားထားတယ်လို့ ဖက်ဒရယ် တရားသူကြီး တစ်ဦးက နိုဝင်ဘာ ၇ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန် ဒေသဆိုင်ရာ တရားသူကြီး ကာရင် အင်မာဂတ်ရဲ့…

အမေရိကန်-တောင်ကိုရီးယား ဆွေးနွေးမှုကို မြောက်ကိုရီးယား ရှုတ်ချ

ဆိုးလ်၊ နိုဝင်ဘာ ၈ တောင်ကိုရီးယားသို့ အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေမှု၊ အမေရိကန်နဲ့ ဆိုးလ်တို့ လုံခြုံရေးဆွေးနွေးမှုတို့ကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုလ်ကွန်ချိုက ပြစ်တင် ရှုတ်ချပြီး တိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။ ဆိုက်ဘာနဲ့ဆက်စပ်တဲ့ ငွေကြေး ခဝါချမှု လုပ်ရပ်တွေမှာ ပါဝင်နေတယ်လို့ ဝါရှင်တန်က…

ဘီးလင်းမှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ဘီးလင်း၊ နိုဝင်ဘာ ၈ မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲလံဖားကဒူးကျေးရွာအနီးမှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မဲလံကျောင်းကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဒေါ်သိန်းဝင်းဟာ သူနေထိုင်ရာကျေးရွာကနေ တောခုတ်ဖို့အသွား လမ်းခုလပ်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းကြောင့် ဒေါ်သိန်းဝင်းဟာ နောက်ကျော၊ လက်နဲ့တင်ပါးတွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး…

တစ်လအတွင်း စစ်တပ်ကြောင့် အမျိုးသမီး ၇၀ သေဆုံးခဲ့တယ်လို့ BWU ပြော

မော်လမြိုင်၊ နိုဝင်ဘာ ၈ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၀ သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၈…