အက်ဆေး

ပြည် နည်းပညာတက္ကသိုလ် ကျောင်းသားများ၏ ဆယ့်သုံးနှစ်မြောက် ကိုဘုန်းမော် နှစ်ပတ်လည် လှုပ်ရှားမှု သမိုင်း တစ်ပိုင်းတစ်စ

ဌေးဝင်း ***** စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ တလျှောက်လုံးတွင် ကျောင်းသားများသည် အမြဲတမ်း ရှေးဆုံးမှ ပါဝင်လာခဲ့ကြသည်ချည်း ဖြစ်ရာ နဝတ နအဖ အစိုးရ ခေတ်များတွင် ကျောင်းသားများကို မစုစည်းရ လေအောင် ဖြိုခွဲသည့် နည်းလမ်းသစ် အဖြစ် ကျောင်းများကို မြို့နှင့်ဝေးရာသို့ ပြောင်းပစ်ခြင်းကို အဓိကပြုလုပ်ခဲ့သည်။ ထို့ကြောင့် နာမည်ကျော် ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများကို…

နှလုံးသားနုနုနဲ့ LGBT တစ်ယောက်ရဲ့ တော်လှန်ရေး ခရီးကြမ်း

နိုင်ငံအာဏာကို စစ်တပ်ကအဓမ္မသိမ်းအပြီး ပြည်သူ့ကျွေးတဲ့ထမင်းကိုစားနေတဲ့စစ်ကောင်စီတပ်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူကို “သေရဲတဲ့ကောင် ထွက်ခဲ့” လို့ စိန်ခေါ်လိုက်သံဟာ ခန္တာကိုယ် နွဲ့နွဲနှောင်းနှောင်း နူးနူးညံ့ညံ့နဲ့ အမြဲတစေနေလာခဲ့တဲ့ အတာ့ရဲ့နှလုံးသားကို မာကြောစေခဲ့ပါတယ်။ စစ်တပ် အာဏာမသိမ်းခင်ကာလက ရန်ကုန်မှာ မနက်မိုးလင်းပြီဆိုတာနဲ့ မိတ်ကပ်လေးပြင် အလှပြင်ကျော့ကျော့ ကော့ကော့လေးနဲ့ ရိုက်ကွင်းသွားလိုက် သတင်းလေးရိုက်လိုက်နဲ့ ခဏနေအပြင်မှာ ဘယ်ပွဲကဖိတ်လို့ သွားလိုက်။ Presenter သွားလုပ်လိုက်နဲ့ အတာတစ်ယောက်…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၄)

ဖိုးထောင်သည် ဒီခရီးကို မဲဆောက်က စထွက်ကတည်းက အတူပါလာခဲ့သူ ဖြစ်သည်။ သို့သော် သူနှင့် အလုပ်လုပ် ရန်တော့ မဟုတ်။ ကိုထွန်းအောင်ကျော်၏ စီစဉ်ပေးချက်အရ ဒေသခံ တော်လှန်ရေးသမားများက သူတို့ နှစ်ယောက်ကို အခြားတစ်လမ်းမှ နောင်ဒိုင်းရွာသို့ လိုက်ပို့ပေးသည်။ နောင်ဒိုင်းရွာကို ရောက်တော့ သေနတ်သံတွေ တဒိုင်းဒိုင်း နှင့် ကြားနေရ၏။ တိုက်ပွဲတစ်ပွဲကို အနီးဆုံး နားနှင့် ဆတ်ဆတ်…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၃)

အစိုးရမှ ကိုးလေးလုံး ကိစ္စ သတင်းစာ ရှင်းလင်းပွဲလုပ်သည့်အခါ အဆိုပါ သတင်းစာထုပ်အကြောင်း ပါလာသည်။ နယ်စပ်က ဘယ်လို လုပ်တယ်။ ပြည်ပမှ အဖျက်အမှောင့် အတွက် စာစောင်တွေကို ဖျာထဲ ညှပ်ထည့်ပြီး ဒီလို ပို့သည် စသဖြင့် ဖြစ်၏။ ”ငါ အပ်ထားပြီးပြီ။ ငါ ရှင်းထားပြီးပြီ” ဆိုပြီး ပိုင်သလို ဆိုင်သလို လုပ်သည်။ ဒီကောင်နှင့်…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၂)

ချန်ပီယံရုံထဲမှာ အမိုးစိမ်းရုံဆိုတာ ရှိတယ်။ ခေါင်မိုးက အစိမ်းရောင်။ မဲဆောက်မြို့စွန်က မက်ခရို ကုန်တိုက်နားတွင် ချန်ပီယံ စက်ချုပ်ရုံ ရှိသည်။ ယင်းစက်ရုံနား တစ်ဝိုက်မှာ မြန်မာပြည်သား အများကြီး ရှိ၏။ ယင်းစက်ရုံ အရှေ့၌ ကဗျာဆရာ ကိုငြိမ်းဝေ၏ စာကြည့်တိုက်လည်း ရှိသည်။ ထိုမှ မဲဆောက် ဈေးဘက်သို့ ဆယ်မိနစ်ခန့် ဆက်လျှောက်သွားလျှင် ဦးအောင် မုန့်ဟင်းခါးဆိုင် ရှိသည်။…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (၁)

၂၀၀၀ ပြည့်နှစ်ကာလများက နိုင်ငံရေးမှုနှင့် ထောင်ချခံရသူများ၏ စာရင်းကို ကြည့်မည်ဆိုလျှင် ပဲခူးတိုင်းမှ လူငယ် လူရွယ်တွေက တစ်ခြား တိုင်းနှင့် ပြည်နယ်များထက် ပိုများနေသည်။ ယင်းပဲခူးတိုင်းသားများထဲတွင် ပဲခူးမြို့သား ဝင်းနိုင်လည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ သူ နိုင်ငံရေးနှင့် ဆက်နွယ်မိသည်ကတော့ ရှစ်ဆယ့်ရှစ် အရေးအခင်း ဖြစ်ကတည်းက ဖြစ်၏။ ထိုစဉ်တုန်က သူက ကျိုက်ထိုမှာ။ သူ့အစ်ကို တစ်ဝမ်းကွဲ…