ရေးမြို့နယ်ရှိ ဥပဓိရုပ်မကောင်းသည့်ကျောင်းများနှင့် တဲသာသာဖြစ်နေသည့်ကျောင်းများအား ဦးစားပေးအစီအစဉ်အလိုက် ရံပုံငွေချထားပေးနေ
ရေး ၊ အောက်တိုဘာ ၁၈ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ဥပဓိရုပ်မကောင်းခြင်းနှင့် တဲသာသာဖြစ်နေသည့် ကျောင်းဆောင်များအား ပြုပြင်တည်ဆောက်ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ရံပုံငွေများ ချထားပေး လျက်ရှိကြောင်း ရေးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက သံလွင်တိုင်းမ်သို့ ပြော သည်။