ဝါဆိုသံဃာစာရင်းတွင် ၃ နှစ်ဆက်ပါရှိမှသာ သာသနာဝင်နှင့် သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
ရေး ၊ အောက်တိုဘာ ၁၇ ရေးမြို့နယ်အတွင်း သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားပြုလုပ်လိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဝါဆိုသံဃာစာရင်းတွင် ၃ နှစ်ဆက်ပါရှိမှသာ ပြုလုပ်ဆက်ကပ်ပေးနေကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။