Covid 19

ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတဲ့ ဖိလစ်ပိုင်မှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုး ထုတ်ပြန်

မနီလာ – ဧပြီ(၂၅) ဖိလစ်ပိုင်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာပြီးနောက် မနီလာမြို့တော်အနှံ့က မီးရထား ဘူတာတွေတွေမှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုးထုတ်ပြန်လိုက်ပါတယ်။ ခရီးသည်တွေအနေနဲ့ ပင်မ MRT လိုင်း၊မီးရထားလိုင်းနှစ်လိုင်းနဲ့ လူပေါင်း(၁၄) သန်းနေထိုင်ရာ မြို့ကြီး(၁၆) မြို့ဖြစ်တဲ့ မနီလာမြို့ကို ဖြတ်ကျော်သွားတဲ့ အဓိကရထားလိုင်းကို အသုံးပြုချိန်မှာ Mask ဆက်လက်ဝတ်ဆင်ရမှာဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်တာကို အများသူငှာနေရာတွေမှာ ၂၀၂၂ ခုနှစ်…

ကိုဗစ်ကူးစက်မှုတွေ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ဂျီနီဗာ – ဧပြီ(၂၀) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ရဲ့ ကမ္ဘာမှာ ကိုဗစ်ကပ်ဘေး တည်ငြိမ်မှုမရှိသေးဘဲ ဗိုင်းရပ်စ် ကို ကြိုတင်ခန့်မှန်းလို့ မရသေးတဲ့ အခြေအနေမှာပဲရှိသေးတဲ့အတွက် ကူးစက်မှုတွေထပ်မံကြုံတွေ့လာရနိုင်တယ်လို့ W.H.O က သတိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂၈) ရက်အတွင်း သေဆုံးသူ (၂၃၀၀၀) ကျော်နဲ့ ကူးစက်မှုဖြစ်စဉ် (၃) သန်းကျော် ရှိခဲ့ တယ်လို့ W.H.O…

အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်မျိုးကွဲသစ်ကူးစက်မှုတွေကို W.H.O စောင့်ကြည့်နေ

ဒေလီ – ဧပြီ(၁၄) အိန္ဒိယနိုင်ငံအတွင်း လက်တလော ပြန်လည်မြင့်တက်လာတဲ့ ရောဂါကူးစက်မှုဖြစ်စဉ်တွေကို အစပြုစေခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ် Arcturus (အားကျူးရက်စ်) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က စောင့်ကြည့်နေပါတယ်။ မျိုးကွဲအသစ်ဟာ XBB 1.16 မျိုးကွဲဖြစ်ကာ ဇန်နဝါရီလနှောင်းပိုင်းကဖြစ်ခဲ့တဲ့ တခြားအိုမီခရွန် မျိုးကွဲနှစ်ခု ပေါင်းစပ်ထားတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ကူးစက်မှုဖြစ်စဉ်တွေပြန်လည်မြင့်တက်လာတဲ့အတွက် ပြည်သူတွေနှာခေါင်းစည်း…

ရင်းနှီးမြှုပ်နှံမှုအသစ်တွေရှာဖွေဖို့ တရုတ်တာဝန်ရှိသူတွေ နိုင်ငံခြားခရီးသွားလာမှု မြှင့်တင်ခဲ့

ပေကျင်း – ဧပြီ(၈) တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးအရာရှိတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အရှိန်မြှင့်ဖို့ ဒီဇင်ဘာလက စတင်ပြီး အာရှနဲ့ ဥရောပကို ရာနဲ့ချီတဲ့ ခရီးထွက်မှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။ ခရိုင်တာဝန်ရှိသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ တချို့သော သတင်းရင်းမြစ်တွေရဲ့အဆိုအရ နယ်စပ်ဖြတ်ကျော်မှုမှာ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ အတူ မြို့တော်နဲ့ ပြည်နယ်အဆင့် ရှိ ကြီးကြပ်ရေးမှုတွေ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုထားတာပါ။…

အာရှနိုင်ငံတွေအတွက် ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်အပြင် ကန့်သတ်ချက်အားလုံး ဗီယက်နမ်ဖြေလျော့ပေး

ဟနွိုင်း၊ မတ်(၁၈)အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်က နိုင်ငံခြားခရီးသွားဧည့်သည်တွေ ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဗီဇာ လိုအပ်ချက်အချို့ကို ဖြေလျှော့ပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် ဖမ် မင်န် ချင် က ပြောပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ ပြောကြားချက်အရ ကပ်ဘေးကာလပြီးတဲ့နောက်မှာ နိုင်ငံအနေနဲ့ ပြည်ပ ခရီးသွား ဧည့်သည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အဓိကရုန်းကန်ရတဲ့အချက်မှာ ဗီဇာရရှိရေး အခက်အခဲ တွေ ကြောင့်သာဖြစ်တယ်လို့…

၂၀၂၀ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားဗီဇာအားလုံးကို တရုတ်ပြန်ဖွင့်ပေး

ပေကျင်း၊ မတ်(၁၅) တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် (၃) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီဇာအမျိုးအ စားအားလုံးကို မတ်လ ၁၅ ရက်ကစတင်ပြီး ပြန်လည်ဖွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့လက အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာမှုအပေါ် အောင်ပွဲခံနိုင်ခဲ့ကြောင်း ကြေ ညာပြီးတဲ့နောက် ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ နောက်ဆုံးချမှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှု အစီအမံ တွေ အားလုံးကို…

မြန်မာနိုင်ငံမှာရှိတဲ့ စင်္ကာပူပိုင် ဆီဒိုးနားဟိုတယ်ကို ဒေါ်လာ ၅၇ သန်းနဲ့ ရောင်းချဖို့ ကြေညာ

ရန်ကုန် – မတ်(၁၁) မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းဟာ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းမှုတွေနဲ့ ရုန်းကန်နေရတာ ကြောင့် စင်္ကာပူပိုင် ကပ်ပယ်(Keppel) ကော်ပိုရေးရှင်းက ရန်ကုန်အခြေစိုက်ဆီဒိုးနားဟိုတယ် ကိုအမေရိကန်ဒေါ်လာ (၅၇.၄) သန်းနဲ့ ရောင်းချဖို့ ကြေညာခဲ့ပါတယ်။ စင်္ကာပူနိုင်ငံပိုင် လုပ်ငန်းစုဟာ လုပ်ငန်းရေရှည်တည်တံ့မှုအားကောင်းစေဖို့ အတွက် ပိုင်ဆိုင်မှု ရုပ်သိမ်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အကြီးစားပိုင်ဆိုင်မှုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို ရောင်းချတာဟာ တိုးတက်မှုအခွင့်အလမ်းသစ်တွေဆီကို ပို့ဆောင်နိုင်မယ့်…

တရုတ် ခရီးသွားတွေအတွက် ကိုဗစ် ၁၉ စစ်ဆေးမှုလိုအပ်ချက်တွေကို အမေရိကန်ရုတ်သိမ်းပေး

ဝါရှင်တန်၊ မတ်(၉) အမေရိကန်ရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာဟာ တရုတ်နိုင်ငံကလာရောက်တဲ့ ခရီး သွားတွေအတွက် မဖြစ်မနေ ကိုဗစ်၁၉စစ်ဆေးဖို့ လိုအပ်ချက်တွေကို အခြားနိုင်ငံတွေနည်းတူ မတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ဖျက်သိမ်းပေးသွားတော့မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီလိုတွေဖြေလျော့ပေးလိုက်ပေမယ့် တရုတ်နိုင်ငံနဲ့ ကမ္ဘာတဝှမ်းရှိ ကူးစက်မှုဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း သတင်းရင်းမြစ်တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကိုဗစ်၁၉စစ်ဆေးမှု…

ကိုဗစ်ကပ်ရောဂါဟာ တရုတ်ဓာတ်ခွဲခန်း ယိုစိမ့်မှုကြောင့်ဖြစ်နိုင်တယ်လို့ FBI ဒါရိုက်တာဆို

ပေကျင်း – မတ် (၂) တရုတ်နိုင်ငံ ဝူဟန်မြို့က ဓာတ်ခွဲခန်းယိုစိမ့်မှုကြောင့် ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့တာဖြစ်နိုင်တယ် လို့ ဖက်ဒရယ်စုံစမ်းရေးဗျူရို(FBI) အေဂျင်စီ ဒါရိုက်တာ ခရစ်စတိုဖာ ဝေးလ် က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Wall Street Journal မှာဖော်ပြထားချက်တွေအရ တရုတ်နိုင်ငံမှာ မလိုလား အပ်တဲ့ ဓာတ်ခွဲခန်းယိုစိမ့်မှုက ထွက်ပေါ်လာတဲ့ ကူးစက်ရောဂါကို အမေရိကန်…

ဟောင်ကောင်မှာ ကိုဗစ်နှာခေါင်းစည်းတပ်ရမယ့် ကန့်သတ်ချက် မတ်၁ရက်ကစတင်ပယ်ဖျက်ပေး

ဟောင်ကောင်၊ မတ်(၁) ဟောင်ကောင်မှာ တင်းကျပ်တဲ့ကိုဗစ်စည်းမျဉ်းတွေကို သုံးနှစ်ကျော်ကြာသတ်မှတ်ထားပြီးတဲ့နောက်မှာတော့ အခုအချိန်မှာ သာမန်လူနေထိုင်မှုပုံစံအဖြစ်ပြန်လည်ဖြေလျော့လိုက်ပြီဖြစ်ပါတယ်။ နှာခေါင်းစည်းတပ်ရတဲ့ကန့်သတ်ချက်ကို မတ်(၁)ရက်နေ့မှာ စတင်ဖြေလျော့ပေးမှာဖြစ်ပြီး ဧည့်သည်တွေနဲ့ စီးပွားရေးသမားတွေကို ပြန်လည်ဖိတ်ခေါ်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲက ပြောကြားခဲ့တာပါ။ ကမ္ဘာတစ်ဝှမ်းမှာ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမယ့် စည်းကမ်းချက်ကို ချမှတ်ထားဆဲဖြစ်တဲ့ ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသမှာတော့ အဲဒီအစီအစဉ်ဟာ မတ်(၁)ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ် လို့ ဟောင်ကောင်ရဲ့ အကြီးအကဲလီက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဟောင်ကောင်နဲ့…