တရုတ်နဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသအတွက် လေကြောင်းပဲ့ထိန်းဒုံးတွေ အိန္ဒိယဝယ်ဖို့ စီစဉ်
နယူးဒေလီ၊ ဇန်နဝါရီ(၁၂) ဒေသတွင်းမှာစစ်ရေးပြင်ဆင်မှုတွေ အရှိန်အဟုန်မြင့်လာပြီး တရုတ်နဲ့နှစ်နိုင်ငံအကြားမပြေလည်မှုတွေ သုံးနှစ် ကြာရောက်လာချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ ရွေ့လျားနိုင်တဲ့ လေကြောင်းကာကွယ်ရေးပဲ့ထိန်းဒုံးတွေကို ဝယ်ယူသွားဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။ဒီပဲ့ထိန်းဒုံးတွေကိုတော့ တရုတ်နဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာထားရှိသွားမယ်လို့လည်း ပြောကြားလိုက် တာပါ။တပ်သားတွေ ပစ်ခတ်နိုင်တဲ့ တာတိုပစ်ပဲ့ထိန်းဒုံးဝယ်ယူမှုတွေကို အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးမှ ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။ “လတ်တလောမြောက်ပိုင်းနယ်စပ်အခြေအနေကို ကြည့်မယ်ဆိုရင် လူကိုယ်တိုင်သယ်ပြီးပစ်နိုင်တဲ့ လေ ကြောင်းကာကွယ်ရေး ပဲ့ထိန်းဒုံးတပ်ဆင်နိုင်ရေးကို…
