နိုင်ငံတကာ

ကဘူးလ် မှာအမျိုးသမီးပါလီမန်အမတ်ဟောင်းကို အမည်မသိ သေနတ်သမားပစ်ခတ်

ကဘူးလ် – ဇန်နဝါရီ(၁၇) အာဖဂန်နစ္စတန်ရဲ့ အမျိုးပါလီမန်အမတ်ဟောင်းတစ်ဦးကို သူမရဲ့ နေအိမ်မှာ အမည်မသိ သေနတ်သမားတစ်ဦးက သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတဲ့ အမတ်ဟောင်းနာဘီဇာဒါဟာ ၂၀၁၈ ခုနှစ် ကဘူးလ် ကိုယ်စားပြု အောက်လွှတ်တော် အမတ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅) ရက်နေ့က တိုက်ခိုက်မှုမှာ အမျိုးသမီးပါလီမန် အမတ်ဟောင်း မာဆယ်လ် နာဘီဇာဒါနဲ့ သူ့ရဲ့…

အမေရိကန်နဲ့ ဂျပန်တို့ကြား စစ်ရေးဆိုင်ရာကိစ္စရပ်တွေတိုးမြှင့်ဖို့ သမ္မတဘိုင်ဒန် ခိုင်ခိုင်မာမာကတိပြု

ဝါရှင်တန်၊ ဒီဇင်ဘာ(၁၅) အမေရိကန်အနေနဲ့ ဂျပန်နိုင်ငံရဲ့စစ်ရေး၊ ကာကွယ်ရေးတိုးမြှင့်မှုကိုကြိုဆိုပြီး ပြည့်ပြည့်၀၀ခိုင်ခိုင်မာ ကတိကဝတ်တွေ ပြုထားတယ်လို့ သမ္မတဂျိုးဘိုင်းဒန်က ပြောကြားလိုက်ပါတယ်။ G-7 အင်အားကြီးနိုင်ငံတွေကို လေ့လာရေးခရီးသွားရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဝါရှင်တန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေ မြင့်တက်လာနေတဲ့အတွက် ဂျပန်နဲ့ အမေရိကန်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ ကာလရှည်ကြာ မဟာမိတ်ဆက်ဆံရေး အားကောင်းလာစေဖို့…

ဖူကူရှီးမား နျူဓာတ်ပေါင်းဖို ပေါက်ကွဲမှုမှ ရေဒီယို သတ္တိကြွရေတွေကို ဒီနှစ်ထဲမှာ စွန့်ပစ်မယ်

တိုကျို – ဇန်နဝါရီ(၁၅) ဂျပန်အစိုးရ ဖျက်ဆီးထားတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို အပိုင်းအစ မီလျံ တန်ကျော်ကို နိုင်ငံအတွင်း သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ပြုပြင်ပြီး ပင်လယ်ထဲ စွန့်ပစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နျူကလီးယားပျက်စီးအပိုင်းအစတွေကို လွှတ်ထုတ်ဖို့ ဆောင်ရွက်မယ့် အဆိုပြုလွှာဟာ လုံခြုံမှု ရှိပေမယ့် အိမ်နီးချင်းနိုင်ငံတွေဘက်က စိုးရိမ်မှုတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ(IAEA)…

တရုတ်ကမ်းခြေစောင့် သင်္ဘော စောင့်ကြည့်ဖို့ အင်ဒိုစစ်သင်္ဘောစေလွှတ်

ဂျကာတာ – ဇန်နဝါရီ(၁၅) သံယဇာတပေါများတဲ့ အင်ဒိုနီးရှား ရေကြောင်းဧရိယာမှာ လှုပ်ရှားနေတဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘောကို စောင့်ကြည့်ဖို့ မြောက်နက်တူနာပင်လယ်မှာ စစ်သင်္ဘောတစ်စင်း ဖြန့်ကျက်ထား တယ်လို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်က ပြောပါတယ်။ ခြေရာခံ အချက်အလက်တွေရ အဲဒီသင်္ဘောဟာ တူနာလုပ်ငန်းစုရဲ့ ဓာတ်ငွေ့တွင်းနဲ့ ဗီယက်နမ် နိုင်ငံ ချင်းမ်ဆောင်ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေအနီး ပင်လယ်ထဲမှာ ပြီးခဲ့ပြီး ဒီဇင်ဘာလ(၃၀) တည်းက ရွက်လွှင့်နေတာဖြစ်တယ်လို့…

ကားနဲ့တိုက်ဆွဲခံရပြီး သေဆုံးသွားရသော ဒေလီမြို့သူ အမျိုးသမီးအတွက် တရားမျှတမှုရရေး တောင်းဆို

နယူးဒေလီ၊ ဇန်နဝါရီ(၁၄) အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ ကားနဲ့ချိတ်ပါပြီးသေဆုံးသွားသော စကူတာစီးနင်းသူ အမျိုးသမီးအတွက် တရားမျှတမှုရှိစေဖို့ လူထုစုဝေးပြီးအပူတပြင်း တောင်းဆိုခဲ့ကြပါတယ်။ အသက် ၂၀ အရွယ် စကူတာစီးလာတဲ့ အမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီ၁ရက် အစောပိုင်းတုန်းက ကားတစ် စီးနဲ့တိုက်မိခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ ၁၂ ကီလိုမီတာ (၇ မိုင်ကျော်) အကွာအဝေးအထိ ချိတ်ပါသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ “မိန်းကလေးရဲ့အလောင်းဟာ ကားနဲ့တစ်နည်းနည်းချိတ်မိနေပြီး…

အီစတာဗုံးခွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လျော်ကြေးပေးဖို့ သီရိလင်္ကာသမ္မတဟောင်း အမိန့်ချခံရ

ကိုလံဘို – ဇန်နဝါရီ(၁၄) သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အီစတာဗုံးခွဲမှုမှာ လူပေါင်း (၂၉၀) ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး တားဆီးဖို့ ပျက်ကွက်ခဲ့လို့ သီရိလင်္ကာ တရားရုံးက ထိခိုက်သူတွေကို လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။ သမ္မတဟောင်းဟာ တိုက်ခိုက်မှုတွေအတွက် ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတိပေး ချက်ရရှိခဲ့ပေမယ့် အဖြစ်ဆိုးကို တားဆီးဖို့…

ထိုင်းစစ်တပ်က သံသယမူးယစ်ကုန်သည် (၅) ဦးကို တောတွင်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်း

ဘန်ကောက် – ဇန်နဝါရီ(၁၄) ထိုင်းနိုင်ငံမြောက်ပိုင်း တောတွင်း တစ်နေရာမှာ သံသယ မူးယစ်ကုန်သည်(၅) ဦးကို စစ်တပ်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး(၂) လအတွင်း တတိယအကြိမ်မြောက် ပစ်ခတ်မှု ဖြစ်တယ်လို့အာဏာပိုင် တွေက ဆိုခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်မနက်အစောပိုင်းက ထိုင်း၊လာအိုနဲ့ မြန်မာနိုင်ငံ ကြားမှာ ရှိတဲ့မူယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့ ရွှေတြိဂံ အနီးက ချင်းရိုင်ခရိုင်မှာ ဖြစ်…

အီရန်ဆန္ဒပြပွဲများကြောင့် အနည်းဆုံးသတင်းသမား ၃၀ ထက်မနည်း ထောင်ချခံရ

တီဟီရန်၊ ဇန်နဝါရီ(၁၃) မာရှာအမ်မီနီသေဆုံးမှုကြောင့် အီရန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်လို့ အနည်းဆုံးသတင်းသမား အယောက် (၃၀) ဟာ ထောင်ထဲမှာရှိနေသေးတယ်လို့ တီဟီရန် သတင်းထောက်များအသင်းက ပြောပါတယ်။ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့ အီရန်ဝတ်စားဆင်ယင်မှုဥပဒေကို ဖောက်ဖျက်တဲ့ စွပ်စွဲချက်နဲ့ အမ်မီနီကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အဲဒီမိန်းကလေးသေဆုံးမှုနဲ့ ပတ်သက်လို့ စက်တင်ဘာ ၁၆ ရက်ကလို့လေးလကြာဆန္ဒပြမှုတွေ နိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလလယ်ကတည်းက သတင်းသမား…

အဝတ်လဲခန်းထဲ လျှို့ဝှက်ကင်မရာတပ်ပြီး ရိုက်ထားတဲ့ရုပ်သံဖိုင်တွေ တွစ်တာမှာ ပျံ့နှံ့နေလို့ H&M Malaysia က တိုင်ချက်ဖွင့်

ကွာလာလမ်ပူ – ဇန်နဝါရီ(၁၃) H&M Malaysia က ကွာလာလမ်ပူမှာရှိတဲ့ အရောင်းဆိုင်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်း လူမသိ အောင် တပ်ဆင်းထားတဲ့ ကင်မရာက ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ရောင်းချနေတယ်လို့ ထုတ်ဖော် ပြောဆိုပြီးနောက် ရဲတပ်ဖွဲ့မှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သက်ဆိုင်ရာ H&M ဆိုင်ခွဲ အရောင်း မန်နေဂျာက တိုင်ချက်ဖွင့်ခဲ့တာပါ။ “ကျွန်ုပ်တို့…

နိုင်ငံတကာဝေဖန်မှုတွေ ရှိနေတဲ့တရုတ်က သူတို့ရဲ့ ကိုဗစ်အစီရင်ခံမှု ရပ်ဆိုင်း

ပေကျင်း – ဇန်နဝါရီ(၁၃) တရုတ်နိုင်ငံဟာ သူတို့ရဲ့ နေ့စဉ် ကိုဗစ်အရေအတွက် အစီရင်ခံစာကို သုံးရက်ကြာ အပ်ဒိတ် မလုပ်ဘဲ သတင်းအချက်အလက် ချန်လှပ်ထားတဲ့အတွက် ရောဂါဖြစ်ပွားမှုရဲ့ အကျိုးသက် ရောက်မှု အမှန်ကိုဖုံးကွယ်ထားတယ်ဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ နေ့စဉ် ကိုဗစ်အခြေအနေ အပ်ဒိတ်ကို ဖော်ပြတဲ့ အပြင်းအထန်ဖျားနာလူနာတွေနဲ့ သေဆုံးမှု အရေအတွက်စာရင်းကို တရုတ်က ပြီးခဲ့တဲ့ ဇန်နဝါရီ(၉) ရက်က…