ထိုင်းနိုင်ငံဘဏ်တွေမှာ Promptpay ဒစ်ဂျစ်တယ်စနစ်ငွေပေးချေမှု နည်းလမ်းကို စတင်အသုံးပြု
ဘန်ကောက်၊ စက်တင်ဘာ ၁၃ ထိုင်းနိုင်ငံက ဘဏ်တွေ အနေနဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ်စနစ် ငွေပေးချေမှုနည်းလမ်းကို မြှင့်တင်ဆောင်ရွက်လျှက်ရှိနေပြီး ဒစ်ဂျစ်တယ်စနစ်ငွေပေးချေမှု နည်းလမ်းတွေကို အာဆီယံနိုင်ငံတွေအကြားမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါတယ်။ QR ငွေပေးချေမှုတွေနဲ့ ပြည်တွင်းငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုဖြစ်တဲ့ PromptPay ကတော့ ၎င်းရဲ့ရိုးရှင်းမှု၊ လျင်မြန်မှုနဲ့ အဆင်ပြေမှုတွေကြောင့် ထိုင်းနိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာပါ။ Prompt pay…