နိုင်ငံတကာ

အာဆီယံက မြန်မာရွေးကောက်ပွဲ အားလုံးပါဝင်စေလိုတယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၂၁ လာမယ့်နှစ် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူအားလုံး ပါဝင်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အလိုရှိလိမ့်မယ်လို့ ထိုင်းက မြန်မာစစ်ကောင်စီကို ပြောကြားထားကြောင်း ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အာဆီယံအနေနဲ့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ချမှတ်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ…

ထိုင်ဝမ်အတွက် စစ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်း ဘိုင်ဒန် ထပ်မံခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ လာမယ့် ဇန်နဝါရီလ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရုံးက ထွက်ခွာဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထိုင်ဝမ်အတွက် ကာကွယ်ရေးအကူအညီ ဒေါ်လာ ၅၇၁ သန်းကို ဒီဇင်ဘာ ၂၀ ရက်မှာ ခွင့်ပြုလိုက်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို သံတမန်နည်းလမ်းအရ တရားဝင် အသိအမှတ်ပြုမထားပေမယ့်…

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး သံတမန် နည်းလမ်းအသစ် အသုံးပြုမယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ မြန်မာစစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ထဲမှာ သဘောထား ကွဲလွဲနေကြဆဲ ဖြစ်ပြီး မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ထိုင်းက သံတမန်ရေး နည်းလမ်းအသစ်တွေ စမ်းသပ် အသုံးပြုသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ထိုင်းက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် အားဖြည့်ရေး တရားဝင် မဟုတ်တဲ့ ဒေသဆိုင်ရာဆွေးနွေးပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး စစ်ကောင်စီ ကျင်းပဖို့…

ရုရှားရောက် မြောက်ကိုရီးယားစစ်သားတွေကို လျှော့မတွက်ဖို့ စစ်သားဟောင်းတွေ သတိပေး

ဆိုးလ်၊ ဒီဇင်ဘာ ၂၀ ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ သူတို့နိုင်ငံရဲ့ စစ်သားတွေကို လျှော့မတွက်သင့်ဘူးလို့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား စစ်သားတွေဟာ ထမင်းမစားရဘဲ ပြောင်းဆန်နဲ့ပဲ အသက်ရှင်နိုင်သလို စည်းကမ်း လိုက်နာမှု အပိုင်းမှာလည်း အားကောင်းကြတယ်လို့ တောင်ကိုရီးယားသို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား စစ်သားဟောင်းတွေနဲ့ ပညာရှင်တွေက ပြောကြားလိုက်တာပါ။ ယူကရိန်းတပ်တွေ ဝင်ရောက် တိုက်ခိုက်နေတဲ့…

ဒီမိုကရေစီကို ထိခိုက်စေမယ့် ဥပဒေကြမ်းအရေး ထိုင်ဝမ် လွှတ်တော်အမတ်တွေ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွား

တိုင်ပေ၊ ဒီဇင်ဘာ ၂၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက် ပျက်စီးစေမယ့် ဥပဒေကြမ်းတွေ ဖြစ်တယ်လို့ သမ္မတ လိုင်ချင်းတီရဲ့ ပါတီဝင် လွှတ်တော်အမတ်တွေက ပြောကြားပြီး တားဆီးဖို့ ကြိုးပမ်းခဲ့တာကြောင့် ဒီဇင်ဘာ ၂၀ ရက်မှာ ထိုင်ဝမ် လွှတ်တော်အမတ်တွေဟာအချင်းချင်း တွန်းထိုးရိုက်နှက်ကြပြီး ရေနဲ့ လောင်းခဲ့ကြပါတယ်။ သမ္မတ လိုင်ရဲ့ ဒီမိုကရေစီ တိုးတက်ရေးပါတီက…

မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေ အခမဲ့ ဆေးကုသခွင့် မရှိဘူးလို့ ထိုင်းအစိုးရ ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၁၉ ထိုင်းနိုင်ငံရှိ နယ်စပ်ဆေးရုံမှာ မြန်မာမိဘတွေက မွေးဖွားတဲ့ ကလေးတွေအတွက် ဂဏန်း ၁၃ လုံးပါ သက်သေခံနံပါတ် အလိုအလျောက်ထုတ်ပေးထားပေမယ့် ထိုင်းနိုင်ငံသားတွေလို အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ ထိုင်းအမျိုးသား ကျန်းမာရေး ဖူလုံရေးရုံး NHSO က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပိုပြီး အရေးကြီးတာက…

ရုရှားစစ်ဗိုလ်ချုပ်အား လုပ်ကြံမှု စွပ်စွဲချက်နဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသား ဖမ်းဆီးခံရ

မော်စကို၊ ဒီဇင်ဘာ ၁၉ မော်စကိုမြို့မှာ ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်နဲ့ သူ့ရဲ့ လက်ထောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အသက် ၂၉ နှစ်အရွယ် ဥဇဘက်ကစ္စတန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ရုရှားအရာရှိတွေက ပြောကြားထားပါတယ်။ ရုရှားနိုင်ငံရဲ့ ရေဒီယိုသတ္တိကြွမှု၊ ဓာတုဗေဒနဲ့ ဇီဝဗေဒဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် လက်ထောက်ဗိုလ်ချုပ် အီဂေါ် ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇…

ထရန့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကနေဒါက နယ်စပ်ဥပဒေအသစ် ပြဌာန်း

အိုတာဝါ၊ ဒီဇင်ဘာ ၁၈ စောင့်ကြည့် ထောက်လှမ်းမှု အားကောင်းစေရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပစ်မှတ်ထား တိုက်ဖျက်ရေး ပူးပေါင်းတပ်ဖွဲ့ အပါအဝင် ကနေဒါအစိုးရက အမေရိကန်-ကနေဒါ နယ်စပ်တစ်လျှောက် လုံခြုံရေး အစီအစဉ်အသစ် တော်တော်များများကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရေး နှစ်နိုင်ငံနယ်စပ်ကို လုံခြုံအောင် မလုပ်ဘူးဆိုရင် ကနေဒါကနေ တင်ပို့တဲ့…

အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ စီးနင်းရှာဖွေ

ဂျာကာတာ၊ ဒီဇင်ဘာ ၁၈ လုပ်ငန်းစု လူမှုရေး တာဝန်စီမံကိန်းကို လွဲမှားစွာ ကိုင်တွယ်မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ဆက်စပ်ပြီး ဂျကာတာမြို့မှာရှိတဲ့ အင်ဒိုနီးရှား ဗဟိုဘဏ်ရုံးချုပ်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ဒီဇင်ဘာ ၁၆ ရက်မှာ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပယ်ရီ ဝါဂျီယိုရဲ့ ရုံးလည်း စီးနင်းခံရတဲ့အထဲ…

ဆီးရီးယားကနေ ရုရှားစစ်တပ် အလုံးအရင်းနဲ့ စတင်ဆုတ်ခွာ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ သမ္မတ ဘာရှား အယ်လ် အာဆတ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားမှ စစ်သုံး ပစ္စည်းကိရိယာတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှားက ကြီးကြီးမားမား အတိုင်းအတာနဲ့ ပြန်လည် ဆုတ်ခွာမှု စတင်နေပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိ နှစ်ဦး၊ ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ အနောက်တိုင်း အရာရှိ တစ်ဦးတို့က ပြောကြားလိုက်ပါတယ်။ ရုရှားတပ်တွေ ဆုတ်ခွာမှုဟာ ကြီးကြီးမားမား…