နိုင်ငံတကာ

အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှု အပြုသဘောဆောင်တယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ မေ ၁၅ ထိုင်းက သူတို့ရဲ့ ပြည်ပပို့ကုန်တွေအပေါ် ကြီးလေးတဲ့ အခွန်တွေ မကောက်ခံစေရေး ရှောင်ရှားဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ရဲ့ ဆိပ်ကမ်းတွေမှာ ခရီးတစ်ထောက်နား ကုန်ပစ္စည်းတင်ပို့မှုတွေကို တားဆီးပြီး အမေရိကန်ကုန်စည်တွေကို ပိုမို ဝယ်ယူမှာ ဖြစ်သလို ပြည်တွင်းစျေးကွက် တိုးတက်အောင် လုပ်ဆောင်မယ်လို့ ဝါရှင်တန်ကို ပြောကြားခဲ့ကြောင်း ထိုင်း ဘဏ္ဍာရေးဝန်ကြီးက မေ ၁၄…

တူရကီမှာလုပ်မယ့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူတက် တက်ဖွယ်မရှိ

အစ္စတန်ဘူလ်၊ မေ ၁၅ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တက်ရောက်ပေးဖို့ တောင်းဆိုထားပေမယ့် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ မေ ၁၅ ရက် ကျင်းပတဲ့ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မယ့် ရုရှားအရာရှိများ စာရင်းမှာ သမ္မတ ဗလာဒီမာ ပူတင် မပါဝင်ဘူးလို့ သိရပါတယ်။ ရုရှားကိုယ်စားလှယ် အဖွဲ့ကို ပူတင်…

ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးမယ်လို့ ထရန့် ပြော

ဒမတ်စကတ် မေ ၁၄ ဆီးရီးယား ခေါင်းဆောင် အာမက် အယ်လ်ရှာရာအာနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းပေးတော့မယ်လို့ ပြောလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆော်ဒီအာရေးဗီးယားသို့ ရောက်ရှိချိန် သမ္မတ ထရန့်က ဆီးရီးယား ယာယီသမ္မတနဲ့ တွေ့ဆုံဖို့ သဘောတူထားတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။…

ဂါဇာသို့ အင်အားအပြည့်နဲ့ ဝင်ရောက်တော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော

ဂျေရုစလင်၊ မေ ၁၄ လာမယ့် ရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသသို့ မိမိတို့ စစ်တပ် အင်အားအပြည့်နဲ့ ဝင်ရောက်မှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ မေ ၁၃ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာမြောက်ပိုင်းဒေသတွေမှာရှိတဲ့ လူအများ ဘေးကင်းရာသို့ ပြောင်းရွှေ့ရေး အစ္စရေးစစ်တပ်က မေ ၁၄ ရက်…

ICC မှာ အဖမ်းခံထားရတဲ့ ဒူတာတေး မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရ

ဒါဗောင်၊ မေ ၁၃ လူထောင်နဲ့ချီ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုနဲ့ ပတ်သက်လို့ သည်ဟေ့ဂ်မြို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သူ့မိသားစုရဲ့ အမာခံ နယ်မြေ ဒါဗောင်မြို့ရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း စောစောထွက်ပေါ်လာတဲ့ တစ်စိတ်တစ်ပိုင်း ရလဒ်တွေက ဖော်ပြနေပါတယ်။ သူ့ရဲ့ သစ္စာ…

အကြမ်းဖက် တိုက်ခိုက်မှု ထပ်ဖြစ်ရင် အားကောင်းကောင်းနဲ့ တုံ့ပြန်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ကြွေးကြော်

နယူးဒေလီ၊ မေ ၁၃ အနာဂတ်မှာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာခဲ့ရင် အားကောင်းကောင်းနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက မေ ၁၂ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။ နောင်တချိန် ပါကစ္စတန်နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့မယ်ဆိုရင် နယူးဒေလီ အနေနဲ့ နျူကလီးယား အကြပ်ကိုင်မှုကို သည်းခံနေမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် မိုဒီက သတိပေးထားပါတယ်။…

ကာတာသို့ သွားရောက်ခွင့် သက်ဆင်ရဲ့ တောင်းဆိုမှု ထိုင်းတရားရုံး ပယ်ချ

ဘန်ကောက်၊ မေ ၁၂ လူဆေးလ်နန်းတော်မှာ ကာတာဘုရင် တာမင် ဘင် ဟာမက် အယ်လ်သာနီ လက်ခံကျင်းပမယ့် ကမ္ဘာ့ခေါင်းဆောင်များ စားပွဲသောက်ပွဲ တက်ရောက်ဖို့ ထိုင်းနိုင်ငံကနေ ထွက်ခွာခွင့်ပေးရေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ တောင်းဆိုမှုကို အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ထိုင်းအယူခံတရားရုံးက ပယ်ချလိုက်ပါတယ်။ မေ ၈ ရက်မှာ သက်ဆင်ရဲ့ တောင်းဆိုမှုကို ရာဇဝတ်မှုတရားရုံးက ပယ်ချခဲ့ပြီးနောက်…

နျူကလီးယား အခွင့်အရေးတွေကို ပြန်လည် စွန့်လွှတ်မှာ မဟုတ်ဘူးလို့ အီရန် ပြော

ဒူဘိုင်း၊ မေ ၁၂ အမေရိကန်ရဲ့ ရည်မှန်းချက်ဟာ အီရန်ရဲ့ နျူကလီးယား အခွင့်အရေးတွေ ပျောက်ကွယ်သွားအောင် လုပ်ဖို့ပဲဆိုရင် တီဟီရန်အနေနဲ့ အဲဒီ အခွင့်အရေးတွေကနေ လုံးဝ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက ပြောလိုက်ပါတယ်။ အိုမန်မှာ အီရန်နဲ့အမေရိကန်ကြား နျူကလီးယား ဆွေးနွေးပွဲ နောက်တစ်ကျော့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရက်မတိုင်ခင် တစ်ရက်အလို ဒိုဟာမြို့မှာ…

ICC မှာ အဖမ်းခံထားရတဲ့ ဒူတာတေး မြို့တော်ဝန် ရွေးကောက်ပွဲ ဝင်ပြိုင်

ဒါဗောင် စီးတီး၊ မေ ၁၀ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သည်ဟေ့ဂ်မြို့မှာ ဖမ်းဆီးခံထားရပြီး သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် အမှု ရင်ဆိုင် နေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့ ဒါဗောင်စီးတီးမှာတော့ သမ္မတဟောင်း ဒူတာတေးဟာ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မြို့တော်ဝန် ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်နေပြီး သူအနိုင်ရမယ်လို့…

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ် ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားဖို့ စစ်ခေါင်းဆောင်ကို ရှီကျင့်ဖျင် တိုက်တွန်း

မော်စကို၊ မေ ၁၀ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မေ ၉ ရက် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော်နင်က လူမှုမီဒီယာ X ပေါ်မှာ ရေးသားခဲ့ပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့…