နိုင်ငံတကာ

ရုရှားထိပ်တန်းတာဝန်ရှိသူတွေက သမ္မတပူတင်နုတ်ထွက်ပေးဖို့ တောင်းဆို

မော်စကို – စက်တင်ဘာ(၁၃) မော်စကိုနဲ့ စိန့်ပီတာစဘတ်တို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဒါဇင်ပေါင်းများစွာဟာ သမ္မတ ဗလာဒီမာပူတင်ကို ရာထူးက နုတ်ထွက်ဖို့ အိတ်ဖွင့်ပေးစားပေးပို့တောင်းဆိုလိုက်ပါတယ်။ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေရှိနေတာနဲ့ ယူကရိန်းကိုကျူးကျော်စစ်မှာ အကြီးမားဆုံးဆုတ်ယုတ်မှုဖြစ်စေတဲ့ အတွက်ကြောင့် ရုရှားသမ္မတကို ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြတာပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း စစ်ဆန့်ကျင်ရေးနဲ့ သဘောထားကွဲလွဲမှု အားလုံး ကိုတားမြစ်ပိတ်ပင်ထားတဲ့ ဥပဒေသစ်ကြောင့် နှုတ်ထွက်ပေးဖို့…

ဒါဒူမြို့ရေမလွှမ်းစေရေး ပါကစ္စတန်က အဓိကအဝေးပြေးလမ်းမကြီးကို ချိုးဖောက်ပစ်ဖို့ စီစဉ်

ဒါဒူ၊ စက်တင်ဘာ ၁၃ ပါကစ္စတန်အာဏာပိုင်တွေဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒါဒူမြို့မှာ ရေစီးဆင်းမှုကောင်းစေဖို့နဲ့ ရေမြုပ်ခြင်းမှ ကာကွယ်ဖို့အတွက် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ အင်ဒပ်အဝေးပြေးလမ်းမကြီးကို ချိုးဖျက်ပစ်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ စံချိန်တင် မုတ်သုံလေဝင်ရောက်မှုနဲ့ ရေခဲပြင်တွေ အရည်ပျော်မှုကြောင့် ရေကြီးမှုဖြစ်ပေါ်ပြီး လူပေါင်း (၃၃) သန်းကျော် ထိခိုက်ခဲ့ပါတယ်။ အနည်းဆုံး လူပေါင်း(၁၃၉၁) ဦး…

ထိုင်းနိုင်ငံဘဏ်တွေမှာ Promptpay ဒစ်ဂျစ်တယ်စနစ်ငွေပေးချေမှု နည်းလမ်းကို စတင်အသုံးပြု

ဘန်ကောက်၊ စက်တင်ဘာ ၁၃ ထိုင်းနိုင်ငံက ဘဏ်တွေ အနေနဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ်စနစ် ငွေပေးချေမှုနည်းလမ်းကို မြှင့်တင်ဆောင်ရွက်လျှက်ရှိနေပြီး ဒစ်ဂျစ်တယ်စနစ်ငွေပေးချေမှု နည်းလမ်းတွေကို အာဆီယံနိုင်ငံတွေအကြားမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါတယ်။ QR ငွေပေးချေမှုတွေနဲ့ ပြည်တွင်းငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုဖြစ်တဲ့ PromptPay ကတော့ ၎င်းရဲ့ရိုးရှင်းမှု၊ လျင်မြန်မှုနဲ့ အဆင်ပြေမှုတွေကြောင့် ထိုင်းနိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာပါ။ Prompt pay…

ကိုယ်ပိုင်ဖွင့်ထားတဲ့ အလှပြင်ဆိုင်တွေကို မြောက်ကိုရီးယားရဲတွေကို အဓမ္မပိတ်ပင်ခိုင်းခဲ့

ပြုံယမ်း – စက်တင်ဘာ(၁၃) မြောက်ကိုရီးယားနိုင်ငံ ချောင်ဂျင်က ရဲတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းကတည်းက ပုဂ္ဂလိက ပိုင်ဆံပင်ညှပ်ဆိုင်နဲ့ အလှပြင်ဆိုင်တွေကို ပိတ်ပစ်ခဲ့တယ်လို့ Daily NK သတင်းရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။ အဓမ္မဖြိုခွင်းမှုနဲ့အတူ အာဏာပိုင်တွေက ဝန်ဆောင်မှုပေးနေတဲ့ ဆံပင်ညှပ်ဆရာတွေကို အစိုးရပိုင်တဲ့ ဆိုင်တွေမှာ အလုပ်လုပ်ခိုင်းခဲ့တယ်လို့ ဖော်ပြထားတာပါ။ မြောက်ကိုရီယားနိုင်ငံမှာ အစိုးရပိုင်ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကိုသာ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားပြီး နိုင်ငံတော်ကို…

ရီးရဲလ်မက်ဒရစ်အသင်းဟာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေ

မော်လမြိုင်၊ စက်တင်ဘာလ (၁၂) ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ မာယော့ကာအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ငါးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကို အနားပေးခဲ့ပေမယ့် အဓိက အများစုနဲ့ မာယော့ကာအသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် ရီးရဲလ်အသင်းဟာ မာယော့ကာအသင်းရဲ့ ဖိအာပေးမှုတွေကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာ…