နိုင်ငံတကာ

သမ္မတနှစ်ဦးတွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ဆက်ဆံရေးကို အမေရိကန် စိုးရိမ်နေ

ဝါရှင်တန် – စက်တင်ဘာ(၁၇) တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ စက်တင်ဘာလ(၁၅) ရက်နေ့က တွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ဟိုးအရင်တည်းက ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး အခုတွေ့ ဆုံမှုဟာ ယူကရိန်းစစ်ပွဲစတင်တည်းက သူတို့ရဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။ ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရှီက မေးခွန်းတွေနဲ့…

ယူကရိန်းသမ္မတ ဇီလန်စကီး ယာဉ်မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်

ကီးယက် ၊ စက်တင်ဘာ ၁၆ ယူကရိန်း သမ္မတ ဇီလန်စကီးစီး နင်းလိုက်ပါလာတဲ့ ကားနဲ့ လုံခြုံရေးယာဉ်တန်းကို ခရီးသည်တင် ကားတစ်စီးက ဝင်တိုက်မိလို့ ဆေးရုံမှာ ကုသမှုခံခဲ့ရတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုကြောင့် သမ္မတကို ဆေးရုံသို့ပို့ဆောင် စစ်ဆေးခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ မရရှိဘူးလို့ သမ္မရဲ့ ပြောရေးဆိုခွင့်ရှိသူ…

အမေရိကန်အထက်လွှတ်တော်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးဖို့ စတင်

ဝါရှင်တန် – စက်တင်ဘာ(၁၆) တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန် ထိုင်ဝမ်ကို အထောက်အပံ့တွေ တိုးမြင့်ပေးဖို့အတွက် တရားဝင်ဆက်ဆံရေးကို မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အထက်လွှတ်တော် ကော်မတီက ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့ စတင်လိုက်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ လက်နက်ရောင်းချခဲ့ပေမယ့် အသစ်ပြဌာန်း လိုက်တဲ့ ဥပဒေသစ်ဟာ လေးနှစ်အတွင်းလုံခြုံရေးအကူအညီ ဒေါ်လာ(၄.၅) ဘီလျံ ကို…

နယူးဇီလန်မှာ ခရီးဆောင်အိတ်အတွင်း ကလေးငယ်အလောင်းများ တွေ့ရှိ

ဝယ်လင်တန် – စက်တင်ဘာ(၁၆) နယူးဇီလန်နိုင်ငံက ပစ္စည်းသိုလှောင်ရုံတစ်ခုကနေ အလောင်းတွေပါတဲ့ ခရီးဆောင်အိတ်ကို ဝယ်မိခဲ့ရာကစပြီး ကလေးတွေရဲ့ မိခင် ဖြစ်သူလို့ ယူဆရတဲ့ အမျိုးသမီးကို လူသတ်မှုစွဲချက်နဲ့ တောင်ကိုရီးယားမှာ ဖမ်းမိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာ ကြာသာပတေးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လဲ တောင်ကိုရီးယားအရာရှိက CNN ကို ပြောဆိုထားပြီး နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဆီကနေ တရားခံလွှဲပြောင်းပေးဖို့ တောင်းဆို…

ချန်ပီယံလိဂ်မှာ မန်စီးတီး၊ ရီးရဲလ်နဲ့ PSG အသင်းတို့ အနိုင်ရ

မော်လမြိုင်၊ စက်တင်ဘာ (၁၅) ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၂) မှာ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နဲ့ PSG အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီး အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီး အနိုင် ၃ မှတ်ရရှိခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းကို ၂…

ထိုင်းအစိုးရက မလေးရှားနဲ့ ဆက်သွယ်ဖို့ တံတားတစ်စင်းထပ်ပြီးတည်ဆောက်မယ်

ဘန်ကောက် – စက်တင်ဘာ(၁၅) ထိုင်းအစိုးရဟာ ဂိုလွဒ်မြစ်ငယ်ကို ဖြတ်ပြီး တံတားအသစ်တည်ဆောက်ဖို့အစီအစဉ်ရှိနေကာ အဲ့ဒီတံတားကို နယ်စပ်ဖြတ်ကျော်မှုအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ပြောဆိုခဲ့ပြီး ထိုင်းနဲ့ မလေးရှားအစိုးရတို့ဟာ နာရာသီဝဂ် ပြည်နယ်က ဆန်ဂိုင်ဂိုလွဒ်ခရိုင်နဲ့ ကီလန်တန် ကိုဆက်သွယ် ပေးမယ့် အဲ့ဒီတံတားဟာ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်မှုဆက်ဆံရေးမြှင့်တင်နိုင်မှာဖြစ်တယ် လို့ ပြောဆိုထားပါတယ်။ ဒီတံတားဟာ မြစ်ပေါ်မှာ တည်ဆောက်မယ့် တတိယမြောက် တံတားဖြစ်ပြီး ဆန်ဂိုင်ဂိုလွဒ် ခရိုင်မှာရှိတဲ့…

ဖိလစ်ပိုင်မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ဒူတာတေးလမ်းစဉ်ကို လိုက်ပါဆောင်ရွက်ဖို့မရှိဘူး လို့ သမ္မတမားကိုစ်ပြော

မနီလာ – စက်တင်ဘာ(၁၅) ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကိုစ့်ဂျူနီယာဟာ နိုင်ငံရဲ့ မူးယစ်ဆေးပြဿနာနဲ့ ပတ်သက်ပြီး သမ္မတဟောင်းဒူတာတေးရဲ့ လမ်းစဉ်အတိုင်းလုပ်ဆောင်မှာ မဟုတ်သလို နိုင်ငံတကာရာဇဝတ် ခုံရုံး(ICC) ကဒူတာတေးအပေါ်ဆွဲဆိုထားတဲ့ ပြစ်မှုတွေအတွက်လည်း အကာအကွယ်ရေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတရာထူးရရှိပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးအင်တာဗျူးမှာ မားကိုစ့်က တားဆီးကာကွယ် ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို ပိုမိုအာရုံစိုက်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု တွေကိုလုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောဆိုခဲ့တာပါ။ မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေနဲ့…

ယူကရိန်းနဲ့ထိုင်ဝမ်အရေးအတွက် ပူတင်နဲ့ ရှီကျင့်ဖျင်တို့တွေ့ဆုံဆွေးနွေးမယ်

မော်စကို – စက်တင်ဘာ(၁၅) ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ စက်တင်ဘာလ(၁၅) ရက်နေ့မှာ ဥဇဘက်ကစ္စတန်မှာ တွေ့ဆုံပြီးယူကရိန်းနဲ့ ထိုင်ဝမ်တို့အရေးကို ဆွေးနွေးမှာဖြစ်သလို အဲ့ဒီဆွေး နွေးပွဲဟာ ပထဝီနိုင်ငံရေးအခြေအနေအရ အထူးအရေးကြီးတယ်လို့ ရုရှားနိုင်ငံကဆိုပါတယ်။ မော်စီတုံးနောက်ပိုင်းရှီကျင့်ဖျင်ကိုဩဇာအကြီးဆုံးတရုတ်ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ တစ်လ အလိုမှာ ပူတင်နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ပုံမှန်အားဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်း မကြုံစဖူး အား ကောင်းတဲ့ယုံကြည်မှုအဆင့်ကို…

ထိုင်းဘုရင်မပုံသဏ္ဍာန် ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့လို့ ထိုင်းတက်ကြွလှုပ်ရှားသူ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ဘန်ကောက်၊ စက်တင်ဘာ ၁၄ ဘန်ကောက်မြို့ရဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတစ်ခုမှာ ထိုင်းဘုရင်မကြီး သုသီတာ Queen Suthida လိုမျိုး ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးအား ထိုင်းတရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ ၎င်းရဲ့ ရှေ့နေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်၊ မိဖုရား၊ မင်းအမွေဆက်ခံသူ သို့မဟုတ် အုပ်ထိန်းသူတွေကို အသရေဖျက်ခြင်း၊ စော်ကားခြင်းမှ…

တာလီဘန်တွေကြောင့် အာဖဂန်မှာ မိန်းကလေးငယ် ၈ သိန်းကျော် ကျောင်းထွက်ခဲ့ရ

ဂျီနီဗာ ၊ စက်တင်ဘာ (၁၄) တာလီဘန်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ အာဖဂန် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖိနှိပ်မှုတွေ များပြား လွန်းနေပြီး၊ လူ့အခွင့်အရေး ယိုယွင်းမှုတွေဖြစ်လာခဲ့ကာ နိုင်ငံဟာလည်း အာဏာရှင်စနစ်ကို ဆင်းသက်သွားပြီလို့ ကုလသမဂ္ဂ အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရစ်ချတ်ဘန်နတ် Richard Bennett က…