တပ်က ဖိအားပေးခြိမ်းခြောက်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေ CDM မှာ ဆက်လက်ပါဝင်
မော်လမြိုင် ၊ မတ် (၁၆) စစ်တပ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိပေမယ့် သထုံခရိုင်က ကျန်းမာရေးဝန်ထမ်းတွေဟာ CDM မှာ ဆက်လက်ပါဝင်တဲ့အနေနှင့် ဝန်ထမ်းအိမ်ယာကနေ ဒီကနေ့မှာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ သထုံခရိုင် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းအများစုဟာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ လုပ်ငန်းတာဝန်မထမ်းဆောင်သည့် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတာပါ။ မတ်လ (၁၅)ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်တာဝန်ရှိသူတွေနှင့်ရဲတွေက…