သီရိလင်္ကာကို ချေးငွေပေးထားတဲ့ နိုင်ငံတွေနဲ့ ညီလာခံတစ်ရပ်ကျင်းပနိုင်ဖို့ ဂျပန်ကြိုးပမ်းနေ
တိုကျို – ဩဂုတ်(၂၇) ဂျပန်နိုင်ငံက သီရိလင်္ကာရဲ့ ကြွေးမြီအကြပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကာ ချေးငွေထောက်ပံ့ပေးနိုင်သူတွေနဲ့ သက်ဆိုင်တဲ့ ညီလာခံတစ်ရပ်ကျင်းပဖို့ ကြိုးပမ်းနေပေမယ့် ဆွေးနွေးပွဲတွေဟာ မရေရာမှုတွေရှိနေတယ်လို့ ပညာရှင်တွေက ဝေဖန်ထားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွာဆုံးကြွေးမြီအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံကို ကယ်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ချေးငွေထောက်ပံ့ပေးကြမယ့် နိုင်ငံအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကို ဂျပန်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် ချေးငွေကို…