ဒါကာ၊ ဖေဖော်ဝါရီ ၁၃

အထင်ကရ ရွေးကောက်ပွဲပြီးနောက် အစိုးရ ဖွဲ့စည်းရေး ယုံကြည်မှု အပြည့်ရှိကြောင်း အောင်ပွဲရထားတဲ့ ဘင်္ဂလားဒေ့ချ် အမျိုးသားရေးပါတီ BNP က ပြောလိုက်ပါတယ်။

ဒါက လန်ဒန်မြို့မှာ တိမ်းရှောင်နေခဲ့တဲ့ BNP ပါတီ ခေါင်းဆောင် တာရီကွေးလ် ရာမန် အတွက် ကြီးကြီးမားမား ကံကြမ္မာ ပြောင်းလဲမှု ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုတာပါ။

ဘင်္ဂလားဒေ့ချ်ပြည်သူတွေက အစိုးရအသစ်အတွက် မဲပေးခဲ့ကြသလို ဖွဲ့စည်းပုံ ပြန်လည် ရေးဆွဲရေးအတွက်လည်း မဲပေးခဲ့ကြတာပါ။

အာဏာရှင်ဆန်တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ အစိုးရကို ၂၀၂၄ ခုနှစ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုအတွင်း ဖြုတ်ချခဲ့ပြီးနောက် ရွေးကောက်ပွဲ ပထမဆုံး ကျင်းပတာ ဖြစ်ပါတယ်။

ဟာဆီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို ဆန့်ကျင်မှုအတွင်း ဆန္ဒပြသူ ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

ရွေးကောက်ပွဲမှာ ဟာဆီနာရဲ့ အဝါမီလိဂ်ပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ထားပါတယ်။

လူထု ဆန့်ကျင်မှုကြောင့် ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးသွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ချ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေပါတယ်။

BNP ပါတီဟာ အစိုးရဖွဲ့ရေး အမတ်နေရာအများစု ဖြစ်ဖို့ ၂၁ နေရာလိုအပ်နေပြီး အမတ်နေရာ ၁၃၀ အနိုင်ရထားပါတယ်။

Jamaat-e-Islamiပ ါတီကတော့ အမတ်နေရာ ၄၆ နေရာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ချ် အစိုးရအသစ်အနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ BNP ပါတီက နိုင်ငံတစ်နိုင်ငံနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးလိုဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ ဟာဆီနာရဲ့ အာဏာရှင်ဆန်လာမှုဟာ အိန္ဒိယ ကြားဝင်စွက်ဖက်မှုကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံသား အများအပြားက ယုံကြည်ထားကြပါတယ်။

အိန္ဒိယသို့ ဟာဆီနာ ထွက်ပြေးသွားပြီးနောက်မှာ အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ချ်အနေနဲ့ ဘယ်နိုင်ငံကိုမှ ဗဟိုပြုပြီး ဆက်ဆံတာ မရှိဘူးလို့ BNP ပါတီ ခေါင်းဆောင် ချောင်ဒရီက ပြောပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ ဒီမိုကရေစီ ဘင်္ဂလာဒေ့ချ်ကို ထောက်ခံ ကူညီ ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.