မြန်မာနိုင်ငံတည်ငြိမ်ရေး ကူညီပေးသွားမယ်လို့ ဘယ်လာရုစ်သမ္မတက စစ်ကော်မရှင်ကိုပြော
နေပြည်တော် ၊ နိုဝင်ဘာ ၃၀ စစ်ကော်မရှင် ဦးဆောင်တဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ တစ်လအလိုမှာ ဘယ်လာရုစ် သမ္မ တက မြန်မာနိုင်ငံကို ပထမဆုံးကြိမ်အဖြစ် လာရောက်ခဲ့ပြီး သူတို့အနေနဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ကူညီပေးသွားမယ်လို့ ပြောပါတယ်။ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ နိုဝင်ဘာ ၂၈ ရက်နေ့မှာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲနဲ့ နားလည်မှုစာခွျှန်လွှာ လက်မှတ်ရေးထိုးပွဲအပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်ကို မီဒီယာတွေနဲ့ ရှင်းလင်းခဲ့ချိန်မှာ…
