October 30, 2025

စစ်အာဏာသိမ်း (၁၇၃၃)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၄၂၃) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၃၁ AAPP ရဲ့ အောက်တိုဘာ၃၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၃၃) ရက်အတွင်း ပြည်သူ (၇၄၂၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၉၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေ

ကျိုက်မရော ၊ အောက်တိုဘာ ၃၁ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းထောင်က ကျွေးတဲ့ အစားအသောက်တွေ လတ်ဆက်မှုမရှိတာနဲ့ သောက်သုံးရေတွေ သန့်ရှင်မှုမရှိတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် စစ်ကော်မရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာန…

မြဝတီမြို့ ဖလူးဒေသမှာ စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မြဝတီ၊ အောက်တိုဘာ ၃၁ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ဖလူးကျေးရွာထဲကို အခုရက်ပိုင်းထဲမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး ဒေသခံရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို အောက်တိုဘာ ၁၇ ရက်နေ့က စစ်ကော် မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြဝတီ-ဝေါ်လေ လမ်းပိုင်းဘက်ကို ထိုးစစ်ဆင်လာခဲ့ရာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့…

အာကာသခရီးစဉ်မှာ အသက်အငယ်ဆုံး တရုတ် အာကာသယာဉ်မှူးနဲ့ ကြွက်တွေ လိုက်ပါသွားမယ်

ကျီးကွန်း၊ အောက်တိုဘာ ၃၀ တရုတ်က သူတို့ရဲ့ အာကာသစခန်းသို့ စေလွှတ်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး အာကာသယာဉ်မှူးနဲ့ စမ်းသပ်ခံ ကြွက် လေးကောင် လိုက်ပါသွားမှာ ဖြစ်ကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၃၀ ရက်က ပြောပါတယ်။ တီယန်ကုန်း အာကာသစခန်းမှာ တရုတ်က အာကာသယာဉ်မှူး ၃ ဦးထားရှိပြီး ၆ လကြာတိုင်း…

တရုတ်အပေါ် အခွန်လျှော့ချပြီး မြေရှားသတ္တုဆိုင်ရာ အတားအဆီးမရှိတော့ဘူးလို့ ထရန့် ကြေညာ

ဂျင်ပင်း၊ အောက်တိုဘာ ၃၀ တောင်ကိုရီးယားနိုင်ငံ ဂျင်ပင်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က တရုတ်အပေါ် အခွန်လျှော့ချလိုက်ကြောင်းနဲ့ မြေရှားသတ္တုဆိုင်ရာ အတားအဆီးတွေ မရှိတော့ဘူးလို့ ကြေညာပါတယ်။ တရုတ်နဲ့အမေရိကန်တို့ များမကြာခင် ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးနိုင်တော့မယ်လို့လည်း ထရန့်က ပြောပါတယ်။ အမေရိကန်က အခွန်တွေ လျှော့ချလိုက်တာဟာ တရုတ်…

မိုးကုတ်နဲ့ မိုးမိတ်မြို့ကို လက်လွှတ်ပြီး အပစ်ရပ်ဖို့ TNLA နဲ့စစ်ကော်မရှင်တပ်တို့ သဘောတူ

မိုးကုတ်၊ အောက်တိုဘာ ၃၀ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှ တအာင်းတပ်တွေပြန်လည်ဆုတ်ခွာပြီး စစ်ကော်မရှင်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC…

ရေးမှာ ညပိုင်း ပွဲလမ်းသဘင်သွားတဲ့ လူငယ်တွေ ဖမ်းဆီးငွေညှစ်ခံနေရ

ရေး ၊ အောက်တိုဘာ ၃၀ မွန်ပြည်နယ် ရေးမြို့နယ်မှာ ညပိုင်း ပွဲလမ်းသဘင်သွားတဲ့ လူငယ်တွေကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးငွေညှစ်နေပြီး ငွေမပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းတပ်သား စုဆောင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ အောက်တိုဘာလဆန်းပိုင်းကစလို့ ရေးမြို့နယ်ရဲ့ ဇီးဖြူသောင်၊ အစင်၊ ကျောက်မိကျောင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၅ ရွာထက်မနည်းမှာ ဘုရားပွဲတွေနဲ့အတူ အာဝါဒေးလောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပခွင့်ပြုထားတာပါ။…

တနင်္သာရီတိုက်ပွဲအတွင်း အရပ်သား တစ်ဦး သေဆုံး

တနင်္သာရီ၊ အောက်တိုဘာ ၃၀ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လေးမိုင်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်၂ တပ်ရင်းထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က လေးမိုင်ကျေးရွာအနီးမှာ အင်အား ၇၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ…

ဆူဒန် RSF လက်နက်ကိုင်အဖွဲ့က အယ်လ်ဖာရှာ ဆေးရုံမှာ လူ ၄၆၀ ကို သတ်ဖြတ်

အယ်လ်ဖာရှာ၊ အောက်တိုဘာ ၃၀ ဆူဒန်နိုင်ငံ အယ်လ်ဖာရှာမြို့ကို သိမ်းပိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ အလျင်အမြန် ထောက်ပံ့ကူညီရေးတပ်ဖွဲ့ RSF လက်နက်ကိုင်တွေက အဓိက ဆေးရုံတစ်ခုရှိ အရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီ အကြီးအကဲက ပြောလိုက်ပါတယ်။ အယ်လ်ဖာရှာမြို့ရှိ အဓိကဆေးရုံမှာ အရပ်သား ၄၆၀ ကို သတ်ဖြတ်မှုကြောင့် မိမိတို့ အနေနဲ့ များစွာ ထိတ်လန့်တုန်လှုပ်မိကြောင်း…

မြန်မာကျားဖြန့်ဂိုဏ်းတွေကနေ ထွက်ပြေးလာတဲ့ အိန္ဒိယနိုင်ငံသား ၅၀၀ ကို မိခင်နိုင်ငံဆီလေယာဉ်နဲ့ ပြန်ခေါ်မယ်

ဘန်ကောက်၊ အောက်တိုဘာ ၃၀ မြန်မာ စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းခဲ့ပြီးနောက် နယ်စပ် ဖြတ်ကျော် ထွက်ပြေးလာတဲ့ အလုပ်သမားတွေထဲက အိန္ဒိယနိုင်ငံသား ၅၀၀ ကို နယူးဒေလီ အစိုးရက လေယာဉ်နဲ့ ပြန်ခေါ်ယူဖို့ စီစဉ်ထားကြောင်း ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာ ၂၉ ရက်က ပြောလိုက်ပါတယ်။ ပြည်တွင်းစစ်အတွင်း အုပ်ချုပ်ရေး အားနည်းတဲ့ မြန်မာနယ်စပ် တလျှောက်မှာ ကျားဖြန့်လုပ်ငန်းတွေက…