September 2025

ကျိုက်ထိုမှာ အဖမ်းခံရတဲ့ ရွှေတွင်းလုပ်သား ၃၀ ကျော် စစ်မှုထမ်း စုဆောင်းခံရ

ကျိုက်ထို၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာကနေ စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတဲ့ ရွှေတွင်း လုပ်သားတွေထဲက ၃၀ ကျော်ကို စစ်မှုထမ်းအတွက် ခေါ်ဆောင်သွားတယ်လို့ ကင်မွန်းချောင်းရဲစခန်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ငှက်ပျောတောကျေးရွာ ဧက ၂၀၀ အနီးမှာရှိတဲ့ ရွှေတွင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီခန့်မှာ စစ်ကော်မရှင်တပ်ဖွဲ့…

ဟားမာ့စ် ခေါင်းဆောင်တွေကို နှင်မထုတ်ရင် ထပ်မံ တိုက်ခိုက်မယ်လို့ ကာတာကို အစ္စရေး သတိပေး

ဂျေရုစလင်၊ စက်တင်ဘာ ၁၁ ဒိုဟာ အစိုးရအနေနဲ့ ဟားမာ့စ်အဖွဲ့ ထိပ်တန်းအရာရှိတွေကို နှင်မထုတ်ရင် ကာတာရှိ ဟားမာ့စ် ခေါင်းဆောင်ပိုင်းတွေရှိတဲ့ နေရာတွေကို ထပ်မံတိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ခြိမ်းခြောက်လိုက်ပါတယ်။ ကာတာနိုင်ငံ မြို့တော် ဒိုဟာကို တိုက်ခိုက်မှုကြောင့် နိုင်ငံတကာက ကန့်ကွက် ရှုတ်ချထားပေမယ့် ဝန်ကြီးချုပ် နေတန်ညာဟု အရှေ့အလယ်ပိုင်းတဝန်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို…

မော်လမြိုင်မြို့မှာ နေအိမ်တစ်လုံး ဓါးပြတိုက်ခံရ

မော်လမြိုင် စက်တင်ဘာ ၁၁ မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်လုံး ဓါးပြတိုက်ခံရတယ်လို့ မြို့ခံတွေအပါအဝင် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဈေးကြိုရပ်ကွက်က ဦးကျော်သူရရဲ့ နေအိမ်ကို မျက်နှာဖုံးတပ်ထားတဲ့ လူ ၃ ဦးက ဓါးပြဝင်တိုက်သွားတာ ဖြစ်ပါတယ်။ ဓါးပြတိုက်ခံရတာကြောင့် ဦးကျော်သူရ…

ငဖဲတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးတယ်လို့ AA ထုတ်ပြန်

ငဖဲ၊ စက်တင်ဘာ ၁၁ မကွေးတိုင်း ငဖဲမြို့နယ် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇၀ ဦးကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစလို့ ငဖဲမြို့နယ် စွန်တက်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့…

စစ်အာဏာသိမ်း (၁၆၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၂၂၅) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ AAPP ရဲ့ စက်တင်ဘာ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၈၃) ရက်အတွင်း ပြည်သူ (၇၂၂၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အမျိုးသားလွှတ်တော်မှာ တစ်ပြည်နယ်လုံးစာ ဝင်ပြိုင်မယ်လို့ မွန်တိုးတက်ရေးပါတီပြော

ဘားအံ ၊ စက်တင်ဘာ ၁၁ လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်အတွင်း သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်က မဲဆန္ဒနယ်မြေတွေအားလုံးမှာ ဝင်ပြိုင်မယ်လို့ မွန်တိုးတက်ရေးပါတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်သူအကုန်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် RP တို့ကို ပေါင်းစပ်ကျင့်သုံးမယ့် အမျိုး သားလွှတ်တော်မှာ ကိုယ်စားလှယ်‌လောင်း ၁၂ ဦးနဲ့ တိုင်းရင်းသားလူမျိုး…

စစ်ကော်မရှင်ရဲ့ ပါတီဖျက်သိမ်းမှု အမျိုးသမီးပါတီ(မွန်) ဘာပြောလဲ

မော်လမြိုင် ၊ စက်တင်ဘာ ၁၁ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့်ရရှိထားတဲ့ အမျိုးသမီးပါတီ(မွန်)အပါအဝင် နိုင်ငံရေးပါတီ လေးခုကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သ မားအင်အားစုပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ…

သထုံမှာ စစ်ကော်မရှင် လုံခြုံရေးတိုးမြှင့်ပြီး ပိုက်စိပ်တိုက်စစ်ဆေးနေ

သထုံ၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ် သထုံမြို့နယ်မှာ အခုရက်ပိုင်းကစပြီး စစ်ကော်မရှင်က လုံခြုံရေးတိုးမြှင့်ပြီး ပိုက်စိပ် တိုက်စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ သထုံမြို့ပေါ်အပြင် မြို့အဝင်အထွက်လမ်းတွေမှာပါ နေ့ရောညပါ လုံခြုံရေးကင်းလှည့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာပါ။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဟာ သထုံ-ဘားအံလမ်း၊ သထုံ-ဘီးလင်းလမ်းပိုင်းတွေမှာ ညပိုင်းအင်အားအများအပြားနဲ့ ကင်းလှည်တာတွေ ပြန်လုပ်လာနေပြီး သထုံအဝင်…

ကျိုက်ထိုက ရွှေတွင်းတွေကို စစ်တပ်ဝင်စီးပြီး လုပ်သား ၅၀ ကျော် ဖမ်းဆီးသွား

ကျိုက်ထို၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာမှာရှိတဲ့ ရွှေတွင်းလုပ်ကွက် ခြောက်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် လုပ်သား ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ငှက်ပျောတောကျေးရွာက ဂျစ်တူး၊ အငယ်ကောင်၊…

မြေပြင်ထိုးစစ် မစခင် ဂါဇာစီးတီး ဒေသခံအားလုံး ထွက်သွားကြဖို့ အစ္စရေး စစ်တပ် ညွှန်ကြား

ဂါဇာစီးတီး၊ စက်တင်ဘာ ၁၀ အစ္စရေး စစ်တပ်က မြေပြင်ထိုးစစ်တွေ စတင်တော့မယ့်အချိန်မှာ ဂါဇာစီးတီးရှိ ဒေသခံ အားလုံး ချက်ချင်း ဘေးကင်းရာ ထွက်သွားကြဖို့ သတိပေးလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသရဲ့ အကြီးမားဆုံး မြို့ပြဗဟိုချက်မှာ နေထိုင်နေကြတဲ့ ပါလက်စတိုင်းသား တစ်သန်းအနေနဲ့ တောင်ဖက်ကို ရွှေ့ပြောင်းကြဖို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက အာရပ်ဘာသာနဲ့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ အဲဒီ မြို့မှာ ဆက်နေရင်…