ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ပွဲ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ NUG တို့ အပြိုင်အဆိုင် တိုက်တွန်း
နေပြည်တော် ၊ ဇူလိုင် ၂၅ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတင်းမာမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က အပြိုင်အဆိုင် တိုက်တွန်းကြပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေဖြစ်ပြီး အာဆီယံမိသားစုဝင်တွေလည်း ဖြစ်တဲ့အတွက် ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်လို့…