July 2025

ပုလောမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးချမှုကြောင့် ခရီးသွား ၁၀ ဦး သေဆုံး

ပုလော၊ ဇူလိုင်၂၆ တနင်္သာရီတိုင်း ပုလောမြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ခရီးသွားတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ထံကနေ သိရပါတယ်။ မနေ့ ဇူလိုင် ၂၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ပုလောတိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေဟာ…

စစ်အာဏာသိမ်း (၁၆၃၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၀၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၂၆ AAPP ရဲ့ ဇူလိုင်၂၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၃၆) ရက်အတွင်း ပြည်သူ (၇၀၀၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၄၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၂၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ပြည်နယ်တဝန်း လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးမှု ထပ်တိုးလာ

မော်လမြိုင် ၊ ဇူလိုင် ၂၆ မွန်ပြည်နယ်မှာ ဝီဖာမုန်တိုင်း အရှိန်ကြောင့် ဖြစ်ပေါ်နေတဲ့ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုတွေ ကြောင့် လူထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးမှု ထပ်တိုးလာပြီး အကူအညီလိုအပ်မှု ပိုများလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစပြီ မွန်ပြည်နယ်ရဲ့ ပေါင်၊ သထုံ၊ သံဖြူဇရပ်၊ရေး၊ ကျိုက်ထိုနဲ့ မုဒုံမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်…

ကရင်ပြည်နယ်ရေကြီးမှုမှာ စစ်ရှောင်ပြည်သူတစ်ဦး ရေစီးနဲ့မျောပါသေဆုံး

ကော့ကရိတ်၊ ဇူလိုင် ၂၆ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုမှာ စစ်ရှောင်ပြည်သူ တစ်ဦး ရေစီးနဲ့မျောပါ သေဆုံးသွားတယ်လို့ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် ကော့ကရိတ်မြို့ကနေ နဘူးကျေးနယ် နောင်တပွဲကျေးရွာဘက်ကို စစ်ဘေးရှောင်နေတဲ့ အမျိုးသားတစ်ဦးဟာ ဇူလိုင် ၂၄ ရက်နေ့က ရေကျော်နေတဲ့ နောင်တပွဲ-နဘူးလမ်းမကြီးပေါ် ဆိုင်ကယ်နဲ့ ဖြတ်သွားခဲ့ရာ ရေစီးထဲမျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။…

ပလမြို့မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားလေးဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ပုလော၊ ဇူလိုင် ၂၆ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့အနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပလမြို့အစပ်၊ ပလနဲ့ပုလောကြား ပြည်ထောင်စုလမ်းမပေါ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။ အဲဒီတိုက်ပွဲအတွင်း…

ဘီးလင်းရေကြီးမှုကြောင့် လူဦးရေတစ်သောင်းကျော် ရေဘေးသင့်

ဘီးလင်း၊ ဇူလိုင် ၂၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရေကြီးရေလျှံမှုအတွင်း လူဦးရေ တစ်သောင်းကျော် ရေဘေးသင့်နေရပြီး လူပေါင်း ၆၀၀ ဟာ ယာယီကယ်ဆယ်ရေစခန်းတွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိလာတာကြောင့် ဘီးလင်းမြို့နယ်ရဲ့ အနိမ့်ပိုင်းကျေးရွာတွေနဲ့ ရပ်ကွက်တချို့မှာ ရေကြီးနစ်မြှုပ်မှုတွေ ဖြစ် ပွားနေတာပါ။ ဒေသခံတွေရဲ့…

ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး

ဘားအံ၊ ဇူလိုင် ၂၅ ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး မတရား ဝိုင်းဝန်း ရိုက်နှက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ တန်းပိတ်ချိန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၇ နှစ်…

ဂါဇာ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တွေကို အစ္စရေးနဲ့ အမေရိကန် ပြန်လည် ခေါ်ယူ

ဂျေရုစလင်၊ ဇူလိုင် ၂၅ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာ့စ်ဟာ ကောင်းမွန်တဲ့ ယုံကြည်မှုနဲ့ ဆွေးနွေးဖို့ ပျက်ကွက်တယ်လို့ အမေရိကန်ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်က စွပ်စွဲခဲ့ပြီးနောက် အစ္စရေးနဲ့ အမေရိကန်တို့က ဂါဇာ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို တိုင်ပင်ဆွေးနွေးဖို့အတွက် ဇူလိုင် ၂၄ ရက်မှာ ပြန်လည် ခေါ်ယူလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေး…

ကမ္ဘောဒီးယားနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား တစ်သိန်းကျော် ထွက်ပြေးရတယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ ဇူလိုင် ၂၅ ထိုင်းနဲ့ကမ္ဘောဒီးယားကြား ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေကြောင့် လူတစ်သိန်းကျော် ထွက်ပြေးသွားရတယ်လို့ ဘန်ကောက်အစိုးရက ဇူလိုင် ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ စစ်တပ်တွေကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ပိုများလာချိန်မှာ ရန်လိုတိုက်ခိုက်မှုများ ရပ်တန့်ဖို့ နိုင်ငံတကာ အင်အားကြီးနိုင်ငံတွေက တိုက်တွန်းထားပါတယ်။ ကာလကြာရှည်ရှိနေခဲ့တဲ့ နယ်စပ်အငြင်းပွားမှုဟာ ဇူလိုင် ၂၄…

မြန်မာစစ်တပ် လက်နက်ပွဲစားတွေကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်း

ဝါရှင်တန်၊ ဇူလိုင် ၂၅ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ချီးကျူးထားပြီး အခွန်တွေ လျှော့ချဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးဖို့ စာရေးပေးပို့ တောင်းဆိုခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်က ရုတ်သိမ်းလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၄…