အစ္စတန်ဘူလ်၊ မေ ၃

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာကို အရေးတကြီး အာရုံစိုက်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဗိုလ်ကာ တက်ခ်က မေ ၂ ရက်မှာ တိုက်တွန်းလိုက်ပြီး မြန်မာပြည်သူတွေဟာ တိုက်ခိုက်မှုတွေနဲ့ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စားနပ်ရိက္ခာ၊ ရေ၊ အမိုးအကာ၊ ငြိမ်းချမ်းရေးနဲ့ အကာအကွယ်ပေးမှု လိုအပ်နေတယ်လို့ ပြောကြားထားပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားပြီး နောက်မှာတောင် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်ခံစားနေရတယ်လို့ အကြီးအကဲ ဗိုလ်ကာ တက်ခ်က ပြောပါတယ်။

နိုင်ငံတဝန်း တိုက်ခိုက်မှု အဆုံးသတ်ရေး စစ်မှန်တဲ့ အမြဲတမ်း သဘောတူညီမှု တစ်ရပ် အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး အရပ်သားအုပ်ချုပ်မှုဆီ ပြန်သွားဖို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

ကမ္ဘာကြီးမှာ လက်ရှိ ပြဿနာတွေ အများကြီး ဖြစ်ပွားနေပေမယ့် မြန်မာပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုကို ဥပေက္ခာပြုထားလို့ မရဘူးလို့ အကြီးအကဲ တက်ခ်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို တိုက်ခိုက်နေမှု ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုထားပြီး မြန်မာပြည်သူတွေဟာ စားနပ်ရိက္ခာတွေ၊ ရေနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ အကာအကွယ်ပေးမှု လိုအပ်နေပြီး ရရှိမှ ဖြစ်မယ်လို့ အကြီးအကဲ တက်ခ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကြောင်း ဧပြီ ၂ ရက်မှာ ကြေညာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သက်တမ်း တိုးခဲ့ပေမယ့် ဧပြီ ၃၀ ညသန်းခေါင်က သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

အပစ်ရပ်ထားတယ်လို့ စစ်တပ်က ကြေညာခဲ့ပေမယ့် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှု ၂၀၀ ကျော် ရှိခဲ့ပါတယ်။

ငလျင်လှုပ်ပြီးနောက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၂၄၃ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

တိုက်ခိုက်မှု အများစုဟာ အပစ်ရပ်ကြောင်း သဘောတူညီမှု အသက်ဝင်ပြီးနောက် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အကြီးအကဲ တက်ခ်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:AA News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.