February 2025

ယုံကြည်မှုကင်းမဲ့လာတာကို ပြသနေတဲ့ စစ်ကောင်စီရဲ့ ဖြုတ်ထုတ်ခန့် အပြောင်းအလဲ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးယူမှုနဲ့အတူ စစ်ကောင် စီ အဖွဲ့ဝင်တွေကို ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးတချို့ကိုလည်း ရာထူးကနေ အပြောင်းအလဲလုပ်လာပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲမှာ ၁၆ ဦးသာပါဝင်ပြီး ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ကို အဖွဲဝင်အဖြစ်ကနေ ဖယ်ရှားကာ ဗဟိုအကြံပေးအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြည်ထဲရေးဝန်ကြီး…

ရေးမြို့မရဲစခန်းအတွင်းပစ်ခတ်မှု ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံး၊ စခန်းမှူးဒဏ်ရာပြင်းထန်

ရေး၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ်ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှာ အချိန်နှစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအ တွင်း ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး စခန်းမှူးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွေအပါ အဝင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ရေးမြို့မရဲစခန်းက ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ်ခန်းအတွင်းရှိ အချုပ်သားတွေကို…

သိမ်ဇရပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ အရပ်သားနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ခရီးသွားအရပ်သား နှစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက ဒရုန်းနှစ်စီးဟာ သုံးခွကျေးရွာရှိ PDF…

ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်တို့ကို အခွန်တိုးကောက်မယ်လို့ အမေရိကန် တရားဝင်ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကနေဒါနဲ့ မက္ကစီကိုတို့ကို အခွန်၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သမ္မတ ထရန့်က ကနေဒါ ရေနံတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းပဲ လျှော့ပြီး…

ထိုင်းတရားရုံးက သက်ဆင်ကို ပြည်ပသို့ ခရီးသွားလာခွင့်ပြု

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁ မိခင်နိုင်ငံကို ပြန်လာဖို့ အာမခံကြေး ဘတ် ၅ သန်းနဲ့အတူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ ပြည်ပသို့ ယာယီ ခရီးသွားလာခွင့် လျှောက်ထားမှုကို ထိုင်းရာဇဝတ်မှု တရားရုံးက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ ရက်နေ့အထိ မလေးရှားကို သွားရောက်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ခွင့်တောင်းမှုကို…

ERO နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်တာခံနေရတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ပေါင်းပြီး တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အ‌ရေးပေါ်သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို…

ဘီးလင်း ဒေါဇံကြီးကျေးရွာကို စစ်ကောင်စီ အသေခံဒရုန်း ၆ စီးနဲ့တိုက်ခိုက်

ဘီးလင်း၊ ဖေဖော်ဝါရီ ၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါဇံကြီးကျေးရွာကို ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်က အသေခံဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ဒေါဇံကြီးကျေးရွာထဲကို မနက် ၇ နာရီအချိန်ခန့်မှာ အသေခံဒရုန်း ၅ စီးနဲ့…

စစ်‌ကောင်စီအပြီးတိုင်ကျဆုံးရေး အတူတကွတိုက်ပွဲဝင်ဖို့ မွန်အဖွဲ့အစည်းတွေတောင်းဆို

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁ စစ်ကောင်စီ အပြီးတိုင်ကျဆုံးရေးအတွက် တွေဝေမှုမရှိဘဲ အတူတကွတိုက်ပွဲဝင်ဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF နဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က အာဏာသိမ်း လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် ဒေသအသီးသီးက တော်လှန်ရေးအစုအဖွဲ့တွေ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်း ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားတာပါ။ စစ်ကောင်စီ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို…