အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ညောင်ဂွေးဝကျေးရွာရှိ PDF လက်နက်ထုတ်စက်ရုံကို ဗုံးကြဲရှင်းလင်းလိုက်ပြီ”လို့ စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီတွေရဲ့ လူမှုကွန်ရက်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မကွေးတိုင်း ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ တိုက်ခိုက်မခံရရေးအတွက် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာတွေကို ဇန်နဝါရီလကတည်းက စစ်ကြောင်းထိုးပစ်ခတ်နေကြောင်း ‌ဒေသခံတွေက လွတ်လပ်သောသတင်းမီဒီယာတွေကို ပြော ထားပါတယ်။

အင်အား ၆၀ ထက်မနည်းပါရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ကျောက်ကြီး၊ညောင်ဂွေးဝ၊ တောင်ဖြူနဲ့ရှားတောကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ လူထုနွေဦးက ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညောင်ဂွေးဝကျေးရွာက ကားဝပ်ရှော့ ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကား ၃ စီး၊ ကားဝပ်ရှော့ရုံ၊ ဆိုင်ကယ် ၂ စီးမီးလောင်ခဲ့သလို အလယ်စုကျေးရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားပါတယ်။

မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/Sz1Qs

စစ်တပ်လော်ဘီတွေ ဖြန့်ချီနေတဲ့ ဓာတ်ပုံမှတ်တမ်းထဲက မီးလောင်ကျွမ်းနေတဲ့ နေရာတွေဟာ ညောင်ဂွေးဝကျေးရွာက ကားဝပ်ရှော့တစ်ခုဖြစ်ပြီး စစ်ကြောင်းထိုးကာ မီးဝင်ရှို့ဖျက်ဆီးသွားခဲ့တာလို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

dvbသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/Vumzp

လူထုနွေဦးသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/LonBn

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.