အမှန်/အမှား

+++++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ကရင်ပြည်နယ်ကျိုက်ဒုံမြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးတဲ့သတင်းအချက်အလက်ကို သတင်းအမှားပါ”ဆိုပြီး စစ်ကောင်စီဘက်က ဝါဒဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်း ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြော ဆိုချက်ကို လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ရော်ဘာခြံမှာ ကျရောက်ပေါက်ကွဲခဲ့ရာ ရော်ဘာခြစ်အပြီး ပြန်လာတဲ့ ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၅၁) နှစ်အရွယ်ရှိ ဒေါ်ညိုညိုဝင်းအား ထိမှန်သေဆုံးခဲ့ပြီး ပြည်သူအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ ရော်ဘာခြစ်ပြီး ပြန်လာတဲ့လမ်းက နေအိမ်တစ်အိမ်အနီး ထိုင်ပြီး မီးလှုံတဲ့အချိန်မှာ လေယာဉ်လာပစ်တဲ့အတွက် ထိမှန်သွားတာလို့ ကေအိုင်စီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

KNU သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/RZVR6

KIC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/xrEpK

သံလွင်တိုင်းမ် သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/BTr0B

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.